
ရဲနဲ့စစ်တပ်က ညပိုင်းလာရောက်ဖမ်းဆီးသွားတဲ့ ပန်းဘဲတန်း ရပ်/ကျေးNLD ဥက္ကဋ္ဌ ဦးခင်မောင်လတ်သေဆုံး မနေ့က မတ် ၆ ရက် ည၁၀ နာရီဝန်းကျင်ခန့်က ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ အလယ် လမ်းရှိနေအိမ်မှာ ဦးခင်မောင်လတ်ကို ရဲနဲ့ စစ်တပ်က အင်အားသုံး ဖမ်းဆီးသွားခဲ့ပြီး နောက် ဒီကနေ့ မနက်ပိုင်းမှာတော့ ဦးခင်မောင်လတ်သေဆုံးသွားပြီလို့ ပန်းဘဲတန်းမြို့ မစခန်းမှူးက မိသားစုဝင်တွေကို ဖုန်းဆက်အကြောင်းကြားလာခဲ့တယ်လို့ သိရပါတယ်။ ‘ ‘ စခန်းမှူးက မိသားစုတွေကို ဦးခင်မောင်လတ်က မိုက်ခနဲလဲကျသွားလို့ မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ထားတာ ဆုံးသွားလို့ဆိုပြီး ရုပ်အလောင်းကို စစ်ဆေးရုံမှာ လာထုတ်ဖို့ အကြောင်းကြားတယ်။ မိသားစုဝင်တွေကလည်း စိုးရိမ်ကြတာတော့အခု ဦးခင်မောင် လတ်ရဲ့ မိတ်ဆွေတစ်ဦးနဲ့ နောက် ၂ဦး စုစုပေါင်း ၃ဦးက အခု စစ်ဆေးရုံ မှာ သွားထုတ် နေတယ်။ သူ့ကို ဖမ်းဆီးတုံးကလည်း ရိုက်နှက်အကြမ်းဖက်တာတွေရှိခဲ့တယ်။’’လို့ ဦးခင်မောင်လတ်သေဆုံးမှုနဲ့ပတ်သက်ပြီး လိုက်လံကူညီပေးနေတဲ့ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က ဘီဘီစီကိုပြောပါတယ်။ ဒီအကြောင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်လင့်မှာ https://bbc.in/3sQRghm ဖတ်ရှုနိုင်ပါတယ်။ Credit: