
ဖက်ဒရယ်တပ်မတော်ကြီးပေါ်ပေါက်လာတော့မည်ဟု ခေတ္တပြည်ထောင်စုဝန်ကြီးဆို . မကြာမီမှာ ဖက်ဒရယ်တပ်တပ်မတော်ကြီးပေါ်ပေါက်လာတော့မည်ဟု CRPH မှတ်ခန့်အပ်ထားသော ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင် လူမှုကွန်ရက်ပေါ်မှတဆင့်ပြောကြားသွားသည်။ . တဆက်တည်းတွင် စစ်အာဏာရှင်စစ်တပ်ကို ဖယ်ရှားနိုင်ရန် အကွက်ကျကျပြင်ဆင်နေပြီး ပြည်သူတစ်ဦးတစ်ယောက်ချင်း၏ ပူးပေါင်းပါဝင်မှု စိတ်ဓာတ်များသည်လည်း အဓိကကျကြောင်း ခေတ္တဝန်ကြီးကဆိုသည်။ . အလားတူ CRPH က ခန့်အပ်ထားတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာကလည်း "လာမယ့် ဧပြီလဆန်းမှာ ဖယ်ဒရယ် ဒီမိုကရေစီကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်နဲ့ ယာယီ အစိုးရဖွဲ့မယ်"ဟု မီဒီယာတစ်ခုကိုဖြေကြားထားသည်။ . တချိန်တည်းတွင် ကယားပြည်နယ် ကိုယ်စားပြုလွှတ်တော်ကော်မတီတွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂) ဦးပူးပေါင်းပါဝင်လာပြီး ကော်မတီကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၀) ဦးဖြင့်ဖွဲ့စည်းလိုက်ကြောင်း CRPH မှ ထုတ်ပြန်ထားသည်။ . ထို့အပြင် ပြည်တွင်းပြည်ပရှိကချင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် "Kachin Political Interim Coordination Team – KPICT နှင့်လည်း ပူးပေါင်းသွားမည်ဟု CRPH ကထပ်မံထုတ်ပြန်ထားသည်။ . ကိုးကား : DVB News ဓာတ်ပုံ : Google . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: