
မတ် ၂၂ ရက်တွင် စစ်ကောင်စီကိုပိတ်ဆို့ဒဏ်ခတ်မှုကြေညာမည်ဟု ပြင်သစ်ပြော . စစ်ကောင်စီကို အသိအမှတ်မပြုကြောင်း နှင့် ကူညီထောက်ပံ့သူများအပေါ်ပိတ်ဆို့ဒဏ်ခတ်မှုများကို ယနေ့ (မတ် ၂၂) တွင် နိုင်ငံခြားရေးရာကောင်စီ၌ ကြေညာသွားမည်ဟု Franck Riester ကဆို သည်။ . မြန်မာ့နိုင်ငံရေးအခြေအနေနှင့်ပတ်သက်ပြီး ပြင်သစ်နိုင်ငံခြားကုန်သွယ်ရေးနှင့် ဆွဲဆောင်မှုဝန်ကြီး Franck Riester က လွန်ခဲ့သည့် ပြင်သစ်အထက်လွှတ်တော်၌ စစ်ကောင်စီကို ပိတ်ဆို့အရေး ယူမှုများပြုလုပ်မည်ဟု မတ်လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ . စစ်ကောင်စီကိုအသိအမှတ်မပြုကြောင်း၊ စစ်အာဏာသိမ်းမှုကျူးလွန်သူများ၊ အာဏာသိမ်းမှုကို အားပေးထောက်ပံ့သူများကို ပတ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်မှုများကို မတ်လ ၂၂ နေ့တွင် နိုင်ငံခြားရေးရာကောင်စီ၌ထုတ်ပြန်နိုင်ရန် ဘရပ်ဆဲလ်မြို့တွင် နည်းပညာဆိုင်ရာဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ . တဆက်တည်းတွင် စီပွားရေးပိတ်ဆို့အရေးယူမှုများကို တို့ချဲ့ရန်စဉ်းစားလျက်ရှိကြောင်း၊ ယခုကဲ့သို့ အလွန်အန္တရာယ်များသောကာလတွင် မြန်မာစစ်တပ်သို့ငွေကြေးစီးဆင်းမှုဖြစ်စေသော လုပ်ရပ်အားလုံးကိုရပ်တန့်ရမှာဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။ . ကိုးကား : Yangon Nation ဓာတ်ပုံ : Google . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: