No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဒလမြို့နယ်၌ အသံဗုံးနှင့် သေနတ်များဖြင့် ပစ်ဖောက်လူစုခွဲ၊ အမျိုးသား ၁ ဦးရာဘာကျည်ဆန် ထိမှန် DVB ရန်ကုန် ဒလမြို့နယ်မှာ ဆန္ဒပြအမျိုးသမီး ၂ ဦးကို ဖမ်းဆီးသွားတဲ့အပေါ် ပြန်လွှတ်ပေးဖို့တောင်းဆိုရာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက အသံဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ဖောက် လူစုခွဲတာတွေ ဆက်တိုက်လုပ်နေပါတယ်။ ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်မှာ မတ်လ ၂၆ ရက်နေ့ မနက်က ထိုင်သပိတ်ကို လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက် လူစုခွဲစဉ် ဆန္ဒဖော် ထုတ်ရာမှာ ပါဝင်တဲ့ အမျိုးသမီး ၂ဦးကို ဖမ်းဆီးသွားခဲ့တာပါ။ ဒီအတွက် မြို့ခံတွေက ဒလရဲစခန်းဝန်ကျင်းကိုသွားရောက်က ဖမ်းဆီးထံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပြီး ၊ ညနေ ၅နာရီ ဝန်းကျင်မှာ သေနက်ပစ်ဖောက် လူစုခွဲတာတွေ စလုပ်ခဲ့ပါတယ်။ ညနေ ၆ နာရီ ဝန်းကျင်မှာတော့ ဒလ ရဲစခန်းဝန်းကျင်နဲ့ နာရီစင် ဝန်းကျင်တို့မှာ သေနတ် အချက် ၂၀ကျော်၊ အသံဗုံး ၂လုံးတို့ ပစ်ဖောက်ခဲ့ပြီး ဆက်လက် ပစ်ဖောက်တာတွေရှိနေခဲ့ပြီး အမျိုးသား ၁ ဦး ရာဘာကျည်ဆန်ထိမှန်ခဲ့ပါတယ်။ #DVB #News http://burmese.dvb.no/archives/453904 Credit: