No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရှမ်း(မြောက်) က (MNDAA, AA, TNLA) ညီနောင်မဟာမိတ်တို့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှုးအပါအဝင် ၁၁ ယောက်သေဆုံး ၂၀၂၁ ခုနှစ်၊ မေလ ၃၁။ ယနေ့နံနက်ပိုင်း ၁၂:၄၅ နာရီအချိန်မှ စ၍ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ နှင့် အနီးတဝိုက်ရှိ နမ့်ခိုင်တံတား၊ နားနွယ်၊ ဘန်ကိုင်လမ်းခွဲ၊ ရီးယာန်၊ နမ့်ဖတ်ကာ ခလရ (၁၂၃) တပ်စခန်းစသည့် နေရာများတွင် ညီနောင် မဟာမိတ် ၃ ဖော်တို့ မှ တပြိုင်နက် တိုက်ခိုက်မှု ပြုခဲ့ကြကြောင်း သတင်းရရှိသည်။ ညီနောင်မဟာမိတ်တို့၏ တိုက်ခိုက်မှုကြောင့် ပန်ကန်လမ်းခွဲ လျှပ်စစ်ရုံအတွင်း အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဝင်စီးနိုင်ခဲ့ ပြီး လက်နက်များ သိမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ လျှပ်စစ် ရုံအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ တပ်သား တစ်ဦးမကျန် ကျဆုံးခဲ့သည်ဟု ကချင်သတင်းရင်းမြစ်များက ဆိုသည်။ စစ်ကောင်စီက ပစ်ခတ်သော မော်တာကျည်ဆံတစ်လုံး နမ့်ဖက်ကာကျေးရွာရှိ အိမ်တစ်လုံးထဲသို့ ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုမရှိသဖြင့် ထိခိုက်သေဆုံးသူမရှိခဲ့ပေ။ တစ်ညလုံး လက်နက်ကြီး /ငယ်ပစ်ခတ်သံများ ဆက်တိုက်ကြားခဲ့ရပြီး မနက် ၄ နာရီ လောက်မှာတော့ နမ့်ဖတ်ကာ ခလရ (၁၂၃) တပ်က ပစ်ခတ်တာလောက်ပဲ ကြားရတော့တယ်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။ အဆိုပါ စစ်ဆင်ရေးတွင် MNDAA မှ အင်အား အလုံးအရင်း အသုံးပြုထားပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှုး အပါအဝင် (၁၁)ယောက်သေဆုံးပြီး (၁၅)ယောက်နီးပါး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြေပြိုမှုများရှိနေ၍ စစ်ကောင်စီရဲ့ လက်နက် ၅ ယောက်စာပဲ သိမ်းဆည်းရမိတယ်လို့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားတယ်လို့ ရွှေဖီးမြေ သတင်းဌာနက ရေးသားပါတယ်။ ယမန်နေ့ နံနက်ကလည်း ကွတ်ခိုင်မြို့နှင့် သိန္နီမြို့ကြားရှိ ရင်ကွဲတောင်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တအောင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု လားရှိုးအခြေစိုက်သတင်းမီဒီယာများက ဖော်ပြထားသည်။ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသည့် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA)၊ ရခိုင့်တပ်တော် (AA) နှင့် ကိုးကန့်တပ် (MNDAA) များကြား မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ ရှိကြသည်။ Media 9 Source - The 74 Media ၊ 7stars News ၊ News Ambassador ၊ Shwe Phee Myay News (ဓာတ်ပုံ - Shwe Phee Myay News) Credit: