No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့မှာတော့ မနေ့ညပိုင်းက ပစ်ခတ်သံတွေ ကြားခဲ့ရပြီးမှာ ဒီနေ့ မေလ ၂၈ ရက် မနက်အစောပိုင်းမှာ ဈေးပိတ်ပြီး မြို့ထဲ လူသွားလူလာရှင်းလင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ''ညက သူတို့ဘာသာ ပစ်ဖောက်နေတာ။ အပြန်အလှန်တိုက်ခိုက်တာမျိုး မဟုတ်ဘူး။ ကန်ဘောင်ဘက်မှာ ပစ်သွားတာ။ ဈေးကတော့ အစောပိုင်းတုန်းက ပိတ်တယ်။ အခုတော့ တချို့ဆိုင်တွေ ပြန်ဖွင့်ပါပြီ'' လို့ မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ဘီဘီစီရဲ့နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-57242648 Credit: