စမွတ်ဆာခွန်ဆေးရုံတွင် ကိုဗစ်ဆေးပစ္စည်းဝယ်ယူရန် သီရိတုန်မှ ဘတ် ၅ သိန်းကျော်လှူဒါန်း . စမွတ်ဆာခွန်ခရိုင်ဆေးရုံကြီးတွင် ကိုဗစ်-၁၉ အကျပ်အတည်းကာလ အတွင်းပိုးတွေ့လူနာများကိုကုသရာတွင်လိုအပ်သည့်ဆေးပစ္စည်းမျာ းဝယ်ယူနိုင်ရန်အတွက် ထိုင်းဘုရင်မင်းမြတ်၏ အစ်မတော်ဖြစ်သူ သီရိတုန် (Sirindhorn) သည် ချိုင်ဖတ်ထနာဖောင်ဒေးရှင်းမှတဆင့် အလှူငွေ ဘတ် ၅ သိန်းကျော် (၅၈၂၂၀၀) ကို လှူဒါန်းခဲ့သည်ဟု သိရသည်။ . နောက်ဆုံးရသတင်းအချက်အလက်များအရ စမွတ်ဆာခွန်ခရိုင်တွင် ပိုးတွေ့လူနာဦးရေဆက်လက်မြင့်တက်လျက်ရှိပြီး ယမန်နေ့ (၂၆-၁-၂၀၂၁) တရက်တည်းတွင် ၇၉၃ ဦးခုန်တက်ခဲ့သည်ဟု သိရသည်။ . မူရင်း : TNWES TV ဓာတ်ပုံ : TNWES TV သတင်း : ရွှေကရင် (ရာမညမြေ) . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Crd
