
မီးလောင်ကျွမ်းတဲ့ အလုံဗလီက မော်ဇင်နဲ့ ဂေါပကတဦး စစ်ကောင်စီ အာဏာပိုင်တွေ ခေါ်ဆောင်သွား ~~~~~~ ■ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင် လမ်းမဘေး၊ သစ်တောကားမှတ်တိုင် အနီးရှိ အီဒ်ဂါ ဗလီဝတ်ကျောင်းတော်ဟာ ဇွန်လ ၂၁ ရက် ဒီနေ့နံနက် ၂ နာရီ မီးလောင်ကျွမ်းပျက်စီးခဲ့ပါတယ်။ ဗလီမီးလောင်ပျက်စီးပြီးနောက် စစ်ကောင်စီရဲ့ အာဏာပိုင်တွေက အဲဒီကျောင်းက ဘုရားဝတ်ပြုချိန်တွေကို နှိုးဆောင်သံပေးတဲ့ မော်ဇင်နဲ့ ဂေါပက တစ်ဦးကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ Credit: