
မျက်နှာသုတ်ပဝါထည့်ကြော်သည့် ကြက်ကြော်ဆိုင်ခွဲကို ၃ ရက်ပိတ်ခံရ . ဖိလစ်ပိုင်နိုင်ငံတွင် အွန်လိုင်းမှကြက်သားကြော်မှာယူသည့် စားသုံးသူတဦးက မျက်နှာသုတ်ပဝါ ထည့်ကြော်ထားသည်ကို စစ်ဆေးတွေ့ရှိပြီးနောက် အဆိုပါကြက်ကြော်ဆိုင်ခွဲကို ရုံးချုပ်မှ ၃ ရက် ပိတ်ထားရန် ညွှန်ကြားခဲ့သည်ဟု သိရသည်။ . အဆိုပါ သတင်းကို ထိုင်းနာမည်ကြီးအွန်လိုင်းအကောင့်တခုဖြစ်သည့် เจ๊ม้อยv plus မှ ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့တွင်တင်ထားပြီးနောက် ထိုင်းလူမှုကွန်ရက်လောကတွင်ဂယက်ထခဲ့သည်ဟု သိရသည်။ . “ကြက်သားပါမကျန်အတုထုတ်နေတာ BGC ပေါ်က Jollibee ကြက်ကြော်ဆိုင်ကနေ ကြက်ကြော် မှာစားတာ မျက်နှာသုတ်ပဝါကြော်ရလာတယ် ဇွန် ၁ ရက်တုန်းက အိမ်ကကလေးတွေအတွက် ဘွားတော်ကကြက်ကြော်မှာဝယ်ပေးတာ မျက်နှာသုတ်ပဝါကြော်ရလာတော့ ဘွားတော်တော်တော် စိတ်ပျက်သွားတာ #ဖိလစ်ပိုင် #ဗီဒီယိုကွန်းမန့်မှာ” ဆိုပြီးတင်ထားပါတယ်။ . အဆိုပါ ကြက်သားကြော်ဆိုင်ခွဲသည် ဖိလစ်ပိုင်နိုင်ငံ တာဂစ်မြို့ရှိ နာမည်ကြီးဈေးဝယ်စင်တာဖြစ် သည့် Bonifacio Global City တွင်တည်ရှိသည်ဟု သိရသည်။ . ယင်းသတင်းပျံ့နှံ့သွားပြီးနောက် ရုံးချုပ်မှာလာရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပြီး အဆိုပါဆိုင်ခွဲကို ၃ ရက်ပိတ်ထားရန် ညွှန်ကြားသည်ဟု သိရသည်။ . “Bonifacio Global City ပေါ်ကကျွန်ုပ်တို့ရဲ့ Franchise ဆိုင်တခုကနေ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က မှာယူခဲ့တဲ့ Customer တဦးကတိုင်တန်းလာတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ အင်မတန်စိုးရိမ်စိတ်ဖြစ်ခဲ့ပါတယ် စေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးမှုပြုတဲ့နောက် ကြော်ဖို့ပြင်ဆင်တဲ့ အဆင့်မှာဖြစ်တယ်လို့ တွေ့ရပါတယ်” ဟု Jollibee မှ ထုတ်ပြန်ထားသည်။ . Ref: เดลีนิวส์ Photo : เจ๊ม้อย v plus . #Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Postbykyawkyawoo Credit: