
CDM ဝန်ထမ်းလေးဦးကို ထိန်းသိမ်းထားတယ်ဆိုတဲ့သတင်းကြောင့် မီးရထားစက်ခေါင်းစက်ရုံရှေ့မှာ မန္တလေးပြည်သူတွေစုရုံးတောင်းဆိုနေ ------------------------------------- CDM လုပ်နေတဲ့ မီးရထားဝန်ထမ်းလေးဦးကို ထိန်းသိမ်းထားပြီး ရထားထွက်ဖို့ခြိမ်းခြောက်ခိုင်းစေခံနေရတယ်ဆိုတဲ့သတင်းကြောင့် မန္တလေးမြို့ကပြည်သူတွေ ၇၈လမ်းပေါ်က မီးရထားစက်ခေါင်းစက်ရုံအရှေ့မှာစုရုံးရောက်ရှိနေပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့အတွက် တောင်းဆိုမှုတွေလုပ်နေကြပါတယ်။ ဒီကနေ့ည ၇နာရီဝန်းကျင်အချိန်အထိ တောင်းဆိုမှုတွေဆက်ရှိနေပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့အင်အားလည်းလုံခြုံရေးရောက်ရှိနေတာကိုမြင်တွေ့ရပါတယ်။ လတ်တလောအခြေအနေအရတော့ ဖမ်းဆီးထားခြင်းမရှိကြောင်းကို လုံခြုံရေးတွေကလာရောက်ပြောဆိုပြီး မီဒီယာအချို့ကို အထဲဝင်ကြည့်ဖို့အတွက် ညှိုနှိုင်းနေတယ်လို့သိရပါတယ်။ ဓာတ်ပုံ- မင်းနန္ဒ(မန္တလေး) Credit: