မန္တလေး၊ မိတ္ထီလာ၊ နေပြည်တော်က CDM ပါဝင်လာတဲ့ ရဲတပ်သား ငါးဦး ~~~~~ ■ အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့် ရဲတပ်သား ငါးဦး မတ် ၇ ရက် ဒီနေ့ CDM လှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရေး-၂ ( သက်သာ ) ဌာနစိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ လ ၂၄၁၃၁၀ ရဲဒုတပ်ကြပ် ခင်မောင်သိန်း ၊ ရေး-( ၁ ) ဌာနစိတ်က လ ၂၇၅၉၁၆ ရဲတပ်သား စိုးမိုးအောင်နဲ့ လ ၂၆၂၂၄၅ ရဲတပ်သား ဇေယျာဦး၊ မိထ္ထီလာ မြို့နယ် အမှတ် ( ၃၅ ) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ လ ၂၈၃၉၃၀ ရဲတပ်သား ကျော်ဇေယျာဦး၊ နေပြည်တော် လယ်ဝေးမြို့နယ် အမှတ် ( ၁၇ ) လုံခြုံရေးတပ်ဖွဲ့က လ ၂၈၃၈၁၇ ရဲတပ်သား အောင်ကျော်ခန့် တို့ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေအပေါ် လက်နက်နဲ့ တရားဥပဒေမဲ့ ဖြိုခွင်းသတ်ဖြတ်မှုကို ပြင်းထန်စွာရှုံ့ချပြီး အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်အဖြစ် တာဝန်မထမ်းဆောင်လိုတာကြောင့် CDM လှုပ်ရှားမှုမှာ ပါဝင်လာတာ ဖြစ်တယ်လို့ ရေးသားထားကြပါတယ်။ ရဲတပ်ဖွဲ့က ထွက်ပြေးတိမ်းရှောင်တာမျိုး မဟုတ်ဘဲ ပြည်သူနဲ့အတူ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်တာဖြစ်ပြီး ပြည်သူ့အစိုးရလက်သို့ နိုင်ငံ့အာဏာ ပြန်ရမှ တာဝန်ပြန်ထမ်းဆောင်မယ်လို့ ဆိုကြပါတယ်။ Credit:
