
ကုလသမဂ္ဂတွင်လက်သုံးချောင်းထောင်ပြီး ပြည်သူဘက်ကရပ်တည်ခဲ့သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မေးမြန်းချက် DVB ကျနော့်ရဲ့ အဓိကရည်ရွယ်ချက်က ပြည်သူထဲက ပြည်သူတယောက်ဖြစ်တဲ့အတွက် အခုလိုမျိုး မြန်မာနိုင်ငံမှာ လမ်းတွေမှာပေါ်မှာ ဆန္ဒပြနေတဲ့သူတွေကိုလည်း ကျနော် အရမ်းကျေးဇူးတင်တယ်၊ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ သူတို့ ဒီလိုပြနေတဲ့အချိန်မှာ ပြည်ပမှာ ရောက်နေတဲ့ သံတမန်တယောက်အနေနဲ့ ဒီလိုမျိုးမျက်နှာစာမှာ နိုင်ငံအများအပြား တက်နေတဲ့အချိန်မှာ ကျနော်တို့ ပြည်သူတွေရဲ့အသံကို ကျနော့်အနေနဲ့ ပြောခွင့်ရတာကိုလည်း ကျေးဇူးတင်ပါတယ်။ ပြောရတဲ့အတွက်ကြောင့်လည်း အတိုင်းအတာတခုအထိ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ သိရှိသွားတယ်။ အဲဒီအတွက်လည်း နိုင်ငံမှာရှိတဲ့ သွေးချင်းညီအစ်ကိုတွေ စိတ်အားတက်စရာ တထောင့်တနေရာက လုပ်ပေးလိုက်နိုင်တဲ့အတွက် ကျနော် ဝမ်းသာပါတယ်...>>>မေးမြန်းချက်အပြည့်အစုံ http://burmese.dvb.no/archives/447260 #DVB #မေးြမန်းချက် #ဦးကျော်မိုးထွန်း #မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂသံအမတ်ကြီး Credit: