
အမေလာပြီ!ထိုင်းရောက်လုပ်သား ၁၇၁ဝ မိသားစုကိုမြန်မာအစိုးရ စားသောက်ကုန်ထောက်ပံ့ . ထိုင်းနိုင်ငံ စမုစခွန်ခရိုင်၊ တလာကုပုဇွန်စျေးအနီးလူနေဆောင်များ တွင် အသွားအလာကန့်သတ်ခံထားရသော မြန်မာရွှေ့ပြောင်းလုပ်သား အိမ်ခန်း (၁၃၅၀) ခန်းနှင့် ထလေထိုင်းငါးစျေးအနီးရှိ အိမ်ခန်း (၃၆၀) ခန်းတို့ကို မြန်မာနိုင်ငံတော်အစိုးရမှ ပြီးခဲ့သည့် ၂၃ ရက်နေ့ တွင် စားသောက်ကုန်များထောက်ပံံံ့ခဲ့သည်ဟု ဗန်ကောက်အခြေစိုက် အလုပ်သမားသံအရာရှိရုံးစာမျက်နှာတွင်ဖော်ပြထားသည်။ . ထို့သို့ထောက်ပံ့ရာတွင် ဆန် ( ၅ ကီလို) ၁၇၁၀ အိတ်၊ ဆီ (၁ လီတာ) ၁၇၁၀ ဘူး၊ ပဲ (၅ဝဝဂရမ်) ၁၇၁၀ အိတ်၊ ကြက်ဥ (၁၅လုံးကတ်) ၁၇၁၀ ကတ်၊ စည်သွတ်ဘူး (၁၅၅ ဂရမ်၊ ၁ဝဘူးတွဲ) ၁၇၁၀ တွဲ၊ သောက်ရေသန့် (၆ လီတာ) ၁၁၉၇၀ ဘူးပါဝင်သည်ဟု သိရသည်။ . အဆိုပါစားသောက်ကုန်များကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့်သံရုံးဒုတိယအကြီးအကဲ ဦးစန်းဦးမောင်တို့မှ ဦးဆောင်ပြီး သွားရောက်ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။ . မူရင်း : အလုပ်သမားသံအရရှိရုံး ဓာတ်ပုံ: အလုပ်သမားသံအရာရှိရုံး သတင်း : ရွှေကရင် (ရာမညမြေ) . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Ctrdir: