
"ယမန်နေ့က မန္တလေး မြန်မာ့စီးပွားရေးဘဏ်(၁)ရှေ့ ဆန္ဒပြနေသူများကို အကြမ်းဖက်ဖြိုခွင်း၍ ပြည်သူအချို့ ဒဏ်ရာရ၊၂၀ ဦးကို ဖမ်းဆီးထားဟု တပ်မတော်ထုတ်ပြန်" မန္တလေး မြန်မာ့စီးပွား ရေးဘဏ် (၁) ရှေ့ ဆန္ဒပြသူများကို ဖေဖော်ဝါရီ ၁၅ ရက် ညနေက ရဲတပ်ဖွဲ့နှင့် စစ်တပ်က လေးခွ၊ လေသေနတ်၊ ရော်ဘာကျည် သေနတ်များဖြင့် ဖြိုခွင်းခဲ့သဖြင့် ပြည်သူအချို့ ဒဏ်ရာရရှိခဲ့သည်။ တပ်မတော်အာဏာသိမ်းမှု ကို အလိုမရှိကြောင်းနှင့် ဝန်ထမ်း များ CDM လှုပ်ရှားမှုတွင် ပါဝင် ရန် ၂၆ လမ်း၊ ၈၂ လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ယမန်နေ့နေ့လယ် ၁၂ နာရီကျော်မှစ၍ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ညနေ ၄ နာရီကျော်တွင် ရဲတပ်ဖွဲ့နှင့် တပ်မတော်သား ရာချီရောက် ရှိလာကာ ဆဲဆိုကြိမ်းမောင်းပြီး ဖမ်းဆီးခြင်း၊ ဖြိုခွင်းခဲ့ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြနေသူများသည် မန္တလေးမြို့ ၂၆ လမ်းနှင့် ၈၂ လမ်း ထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ် (၁)ရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေခြင်းဖြစ်ပြီး ဆန္ဒပြ သူ ထောင်ဂဏန်းခန့်ရှိခဲ့သည်။ ရဲတပ်ဖွဲ့နှင့် စစ်တပ်မှလည်း စောင့်ကြည့်နေခဲ့ပြီး ညနေ ၄ နာရီခန့်တွင် စစ်ကားနှင့် ရဲကားများ ထပ်မံရောက်ရှိလာကာ ကားဆိုက်ဆိုက်ချင်းပင် လေးခွများ ဖြင့် စတင်ပစ်ခတ်ခဲ့ပြီး ဆန္ဒပြလူထုအား လမ်းအပြပေါင်းများစွာ အထိ လိုက်လံပစ်ခတ်ခဲ့သည်။ ဆန္ဒပြသူများထဲတွင် သက်ကြီးရွယ်အိုများလည်း ပါဝင်ပြီး ဆယ်ကျော်သက်နှင့် လူငယ်များ အများဆုံးပါဝင်ခဲ့သည်။ Credit: