
ကနီနယ်သို့ဝင်လာသည့် စစ်ကောင်စီတပ်များ ဗုံးပေါက်ကွဲ၍ ထိခိုက် သေဆုံးမှုရှိနိုင် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်။ ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၈ နာရီ ခွဲခန့်တွင် ကနီနယ်အတွင်း သို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်များသည် ကင်းရွာ အဝင်လမ်းမကြီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သောကြောင့် ထိခိုက် သေဆုံးမှုရှိသည်ဟု သံလွင်ခက် သတင်းတွင် ဖော်ပြပါသည်။ တချို့ သတင်းရင်းမြစ်များ၏ အဆိုအရ ကင်းရွာ နဲ့ မိချောင်း ကုန်းကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာဟု သိရပြီး ထိခိုက်ဒါဏ်ရာရမှု အခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်ပါသည်။ Media 9 source - သံလွင်ခက် ဓါတ်ပုံ - ကနီနယ်ဘက်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (ပုံဟောင်း) Credit: