နိုင်ငံတော်အရေးပေါ်အခြေအနေအရ တပ်မတော်က စတင်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက် ညနေပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသော မြဝတီမင်းကြီးဆရာတော်အား လူဝတ်လဲ၍ ယနေ့ (ဖေ ဖော်ဝါရီလ၃)ရက်၌ မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတွင် စတင်ရုံးထုတ်စစ်ဆေး ခဲ့ကြောင်း သိရသည်။ မြဝတီမင်းကြီးဆရာတော် အရှင်အာရိယာဝံသအား၂၀၁၉ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အ ကြည်ညို ပျက်ဆီးစေမှုပုဒ်မ ၅၀၀ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တို့ ဖြစ် အသီးသီးတရား စွဲဆိုထားရာမှ အာမခံဖြင့် အမှုရင်ဆိုင်နေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ အာမခံဖြင့် တရားရင်ဆိုင်လျက်ရှိရာမှ နိုင်ငံတော်အရေးပေါ်အခြေအနေအရ တပ်မ တော်က စတင်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက် ညနေပိုင်းတွင် ပြန်လည်ဖမ်းဆီး ထိန်း သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတော်အရေးပေါ်အခြေအနေအရ တပ်မတော်က စတင်အာဏာသိမ်းသည့်နေ့တွင် မြ၀တီမင်းကြီးဆရာ တော် အရှင်အာရိယာဝံသအပါအ၀င် အလင်္ကာကြယ်ဆရာတော် အရှင်သော ဘိနှင့် ရွှေည၀ါဆရာတော်တို့အား ဖမ်းဆီး ထိန်းသိမ်းထားရှိကြောင်း သိရသည်။ MYN Credit:
