
"မြောင်းမြတွင်ဆန္ဒပြသူများအားလိုက်လံဖမ်းဆီးနေသဖြင့်စက်လှေများဖြင့်ဆန္ဒဖော်ထုတ်" မြောင်းမြတွင် မြို့ပေါ်လမ်းများ၌ ဆန္ဒပြသူများအား လိုက်လံဖမ်းဆီးခဲ့သဖြင့် ဒေသခံပြည်သူများသည် မြောင်းမြဆိပ်ကမ်းတလျှောက် ပမ္မဝတီမြစ်အတွင်း စက်လှေများဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။ ယနေ့နံနက်ပိုင်းက မြောင်းမြမြို့ ဦးဘချိုလမ်းပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာများရေးသားနေသော လူငယ်များအားရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့သဖြင့် အမျိုးသားနှစ်ဦး၊ ဟိုက်ဂျက်ကားတစ်စီးနှင့် ဆိုင်ကယ်၃စီးအား ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။ ထို့ပြင် ဆိုင်ကယ်များဖြင့် ဆန္ဒထုတ်ဖော်သူများအား လုံခြုံရေး ရဲနှင့်စစ်တပ်ပါဝင်သော ကားများဖြင့် လိုက်လံဖမ်းဆီးနေသဖြင့် ပျောက်ကျားစနစ်ဖြင့် ရပ်ကွက်များအတွင်းဆန္ဒထုတ်ဖော်နေသည်။ ယင်းသို့ လိုက်လံဖမ်းဆီးမှုများရှိနေသော်လည်း မြောင်းမြမြို့ပေါ်နေရာအနှံ့မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ဆောင်နေသော ဒေသခံပြည်သူ အဖွဲ့၅ဖွဲ့ခန့် သည် မြို့ပေါ်လမ်းမကြီးများတွင် လှည့်လည်၍ ယနေ့နံနက်၉နာရီခန့်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ မြောင်းမြို့မြို့ပေါ်ရှိ ကျောင်းသားကျောင်းသူများ၊လူငယ်အဖွဲ့အစည်းများ၊အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊တောင်သူလယ်သမားများ၊ပြည်သူများ ပူးပေါင်း၍ စစ်အာဏာရှင်အလိုမရှိ၊ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး၊ ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ရုံးမတက်နဲ့ ရုန်းထွက်၊ဒီမိုကရေစီရရှိရေး စသည့်ကြွေးကြော်သံများဖြင့်တောင်းဆိုခဲ့သည်။ ဓါတ်ပုံ-7 day news/WH Credit: