
ကျန်းမာသော Diet ကို လူတိုင်း စားသုံးချင်ပါတယ်။ ဒါပေမယ့် အပြောက လွယ်ပေမယ့် မိမိအစားအသောက် စားသောက်နေထိုင်မှု ပုံစံကို ပြောင်းလဲရန် အခက်အခဲ အတိုင်းအတာ တစ်ခု အထိရှိပါတယ်။ သို့ပေမယ့် ဖြည်းဖြည်း ချင်းပြောင်းလဲ ပါက ဖြစ်နိုင်ပါတယ်။ ယခုအပတ်တော့ လူတိုင်းနှလုံး ကျန်းမာရေးအတွက် Heart-Healthy Diet အား ရေးသားဖော်ပြလိုက်ရပါတယ်။ ၁။အစားအသောက် ပမာဏကို တတ်နိုင်သလောက် ဖြည်းဖြည်းချင်းလျော့စားပါ။ လူတော်တော်များများ အရင်ဆုံး ဆင်ခြင်သည်မှာ ဘယ်အစားအစာ မစားရဘူးလဲ။ ဘယ်အစားအစာ က ကျန်းမာရေးအတွက် ကောင်းလဲ အရင်ဆုံး ရှောင်ကျဉ်ကြပါတယ်။ အဲ့ဒီလို ဆင်ခြင်တာလည်း အရေးကြီး သလို တစ်နေ့ ဘယ်လောက်စားလဲ ဆိုတာ လည်း အရေးကြီး ပါတယ်။ အစားအသောက်ပမာဏ ကို ဖြည်းဖြည်းချင်း လျော့ရပါတယ်။ အရင်ဆုံး ပန်းကန် သေး ဖြင့် ပြောင်းလဲပြီး စားသုံးပါ။ ထမင်းအစား calorie နည်းပြီး ဗိုက်ပြည့်စေသော အစားအစားများ ဖြစ်သည့် ဟင်းသီးဟင်းရွက်၊ အသီးအနှံများအား အစားထိုးပြီး စားသုံးသင့်ပါတယ်။ Calorie များသော ကစီဓာတ်များသော အာလူး၊ ထမင်း၊ Fast Food များအား တတ်နိုင်သလောက် ရှောင်ကျဉ်သင့်ပါတယ်။ ၂။လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ ပို၍စားသုံးပါ။ ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ အနေဖြင့် Vitamin, minerals များပါဝင်မှုများပြီး Fiber ပါဝင်မှုများသောကြောင့် ခန္ဓာကိုယ်အတွက် များစွာကောင်းကျိုးပေးပါတယ်။ အသီးအနှံတွင် ပါဝင်သော အချို့သော ဓာတ်များသည် နှလုံးသွေးကြောကျဉ်း ကာကွယ်ပေးပါတယ်။ အသီးအနှံ အတော်များများသည် ကောင်းကျိုးပေးသော်လည်း အောက်တွင် ဖော်ပြထားသော အသီးအနှံပုံစံ များအား ရှောင်ကျဉ်သင့်ပါတယ်။ ၁။အုန်းနို့ ၂။ဟင်းသီးဟင်းရွက်များအား creamy sauces များနှင့် စားသုံးခြင်း (ဥပမာ mayonnaise) ၃။ဟင်းသီးဟင်းရွက်များအား ဆီ ဖြင့် နှစ်၍ ကြောကာစားသုံးခြင်း (ဥပမာ ဟင်းသီးဟင်းရွက် တန်ပူရာ) ၄။အသင့်သောက်သုံး၍ ရသော နိုင်ငံခြားမှ လာသော အသီးဗူးများ ၅။သကြားဖြင့်နယ်ကာ စားကောင်းအောင် ပြုလုပ်ထားသော သစ်သီးခြောက်များ ၃။Whole Grain ပါသော အစားအသောက်များကို ပို၍ စားသုံးသင့်ပါတယ်။ ဥပမာ ပေါင်မုန့်စားသုံးလျှင် ပေါင်မုန့် အညိုအား ပို၍ စားသုံးသင့်ပါတယ်။ ပေါင်မုန့် အဖြူများသည် Refined Flour (ပြန်လည် သန့်စင်ထားသော ဂျုံမှုန့်) ဖြင့် ပြုလုပ်ထားသော ကြောင့် သဘာဝ မှ ရသော ဂျုံမှုန့်ကြမ်းတွင် ပါဝင်သော အာဟာရများ၊ Fiber အမျှင်ဓာတ်များ မပါဝင်တော့ သောကြောင့် ပေါင်မုန့်အညိုသာ ပို၍ စားသုံးသင့်ပါတယ်။ ၄။အဆီးများအား တတ်နိုင်သလောက်ရှောင်ရပါမယ်။ အဆီဟု ဆိုရာတွင် ပြည့်ဝဆီမှန်သမျှ တတ်နိုင်သလောက် ရှောင်ရပါမယ်။ အဆီတွင် နှစ်မျိုးရှိပါတယ်။ ပြည့်ဝဆီနှင့် မပြည့်ဝဆီ ဟူ၍ နှစ်မျိုးရှိပါတယ်။ ပြည့်ဝဆီ များသည် နှလုံးသွေးကြောကျဉ်း အဓိက ဖြစ်စေသော မကောင်းသော အဆီများဖြစ်ပါတယ်။ အသားများ မှ အဓိက ရသော အဆီများဖြစ်ပါတယ်။ ဥပမာ ဝက်ဆီ၊ ဘဲဆီ အသားများမှ ထွက်ောသာ ဆီများဖြစ်ပါတယ်။ မပြည့်ဝဆီးများ သည် ငါး မှ များသော အားဖြင့် ရပါတယ်။ ငါး များများစားခြင်းသည် နှလုံးသွေးကြောကျဉ်းအား အထိုက်အလျောက်ပင်ကာကွယ် ပေးနိုင်ပါတယ်။ ပတ်ဝန်းကျင်တွင် တွေ့နေစားနေရသော အစားသောက်များသည် ပြည့်ဝဆီ၊ မကောင်းသော အဆီများဖြင့် ပြုလုပ်ထားသော အစားအစာများဖြစ်သည့်အတွက် စားသုံးခြင်းမှ ရှောင်ကျဉ်ရပါတယ်။ တစ်နေ့လုံးနေမှ အဆီအား ၁၀ ဂရမ်အောက်သာ စားသုံးသင့်ပါတယ်။ စားသုံးသော အစားအစာ ရဲ့ ၅ ရာခိုင်နှုန်းအောက်သာ အဆီပါဝင်မှု ဖြစ်သင့်သည့်အတွက် အဆီအား နည်းနိုင်သမျှ နည်းအောင်စားသုံးမှ သာ တော်ကာကျပါလိမ့်မည်။ အစားအစာများအား ဆီနှင့် ကြော်စားမည့်အစား ပြုတ်၍ စားခြင်း၊ Microwave ဖြင့် ဖုတ်၍ စားခြင်းသည် အဆီအား မစားဖြစ်အောင် ရှောင်ကျဉ်သည့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဟင်းချက်ရာတွင် အသုံးပြုသော ဆီသည် အလွန်အရေးကြီးပါတယ်။ စားအုံးဆီ အသုံးပြုမည့်အစား ကျန်းမာရေးအတွက် ကောင်းမွန်သော သံလွင်ဆီ အသုံးပြုခြင်း၊ နေကြာဆီစစ်စစ်၊ မြေပဲဆီ စစ်စစ် အသုံးပြုခြင်း လည်း အလွန်အရေးကြီးပါတယ်။ ပြည့်ဝဆီများပါသော ထောပတ်များ စားသုံးခြင်းအား တတ်နိုင်သလောက်ရှောင်ရှားသင့်ပါတယ်။ ၅။အဆီနည်းသော Protein များအား ဦးစားပေးစားသုံးသင့် ပါတယ်။ အသား၊ ငါး၊ပဲများ စားခြင်းဖြင့် ခန္ဓာကိုယ်တွင် လိုအပ်သော Protein များရပါတယ်။ Protein အတွက် စားသုံးရာတွင် အဆီနည်းသော Protein များ စားသုံးရန်အရေးကြီးပါတယ်။ ဝက်သား စားသုံးခြင်း အစား ကြက်သားစားသုံးခြင်း ပဲများအား ဦးစားပေးစားသုံးခြင်း သည် အဆီနည်းသော Protein စားသုံးခြင်း၏ ဥပမာ တစ်ခုဖြစ်ပါတယ်။ ဝက်သား ရံဖန်ရံခါ စားသည့်အခါတွင်လည်း အဆီ၊ သုံးထပ်သားများ စားခြင်း လုံးဝရှောင်ကျဉ်ပြီး အသားသာ စားသုံးခြင်း များ ပြုသင့်ပါတယ်။ ငါးကို အခြားသော အသားများစားခြင်း ထက်ပို၍ စားသုံးသင့်ပါတယ်။ ငါးတွင် ပါသော Omega 3 Fatty Acids သည် သွေးတွင်း မကောင်းသော အဆီများ အား လျော့ချပေးနိုင်သည့်အတွက် နှလုံးသွေးကြောကျဉ်းအတွက် ကောင်းမွန်သော အသားဖြစ်ပါတယ်။ နို့သောက်ရာတွင်လည်း အသက်ကြီးသော သူများအနေဖြင့် ဈေးမှဝယ်သော နို့အား ကြို၍ မသောက်ပဲ အဆီထုတ်ထားသော နို့များအား ဝယ်ယူ၍ သောက်သုံးသင့်ပါတယ်။ ၆။အငန်ကို တတ်နိုင်သလောက်လျော့စားရပါမယ်။ အငန်ဓာတ်တွင် ပါဝင်သော Soduim ဓာတ်သည် သွေးတိုးအား အဓိက ဖြစ်စေသော အကြောင်းအရင်းဖြစ်ပါတယ်။ သွေးတိုးတွင်သာမက နှလုံးရောဂါများအား ဖြစ်စေပါတယ်။ ထို့ကြောင့် အငန်ကို တတ်နိုင်သလောက်လျော့စား ရခြင်းဖြစ်ပါတယ်။ အငန်ဟုဆိုရာတွင် အိမ်သုံးဆားသာမက အချို့မှုန့်လည်း ပါဝင်ပါတယ်။ အချို့မှုန့်သည် Sodium ဓာတ် အလွန်များသော ဟင်းခတ်ပစ္စည်းဖြစ်ပါတယ်။ အချို့မှုန့် အသုံးပြုခြင်းကို တတ်နိုင်သလောက် လျော့သုံးနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ ကျန်းမာသော လူတစ်ယောက် တစ်နေ့အတွက် စားသုံးသင့်သော အိမ်သုံးဆား ပမာဏသည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာ ဖြစ်ပါတယ်။ တစ်နေ့လုံးအတွက် ဖြစ်ပါတယ်။ ထို့ကြောင့် အငန်ဓာတ် စားသုံးမှုအား မည်ကဲ့သို့ တတ်နိုင်သလောက်လျော့စားရမည် အား ခန့်မှန်းမိလောက်မည် ဟု မျှော်လင့်ပါတယ်။ ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစားများဖြစ်သည့် ငါးသေတ္တာ၊ Sausage များ တွင် Sodium များစွာပါဝင်သည့် အတွက် ရှောင်ရှားရမည်ဖြစ်ပါတယ်။ ၇။ကျန်းမာသော အစားအသောက် စားခြင်းအတွက် အရေးကြီးဆုံးသော အချက်မှာ မနက်ဖြန်ချက်မည့် အစားအစာကို ကြိုတင်၍ Plan လုပ်ထားခြင်းဖြစ်ပါတယ်။ အထက်တွင်ဖော်ပြထားသော အချက်များနှင့် ကိုက်ညီအောင် စားသုံးနိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်ပြီး Plan လုပ်ထားမှသာ ကိုက်ညီအောင်ချက်ပြုတ် နိုင်မည်ဖြစ်ပါတယ်။ အမြဲတမ်း နောက်နေ့ စားသုံးမည့် ချက်ပြုတ်မည့် ဟင်းလျာများအတွက် ရှိရာ အဆင်ပြေရာ ချက်ပြုတ်ခြင်းမျိုး မဟုတ်ပဲ Plan လုပ်ထားသည့်အတိုင်းချက်ပြုတ်သင့်ပါတယ်။ ၈။ရံဖန်ရံခါ အနေဖြင့် မိမိ စိတ်တိုင်းကျ စားသုံးနိုင်ပါတယ်။ အစားအသောက်အား အမြဲတမ်းရှောင်ကျဉ်နေသည့် အခါတွင် မိမိကိုယ်ကို စိတ်ကျဉ်းကြပ်မှုများသည် လူတိုင်းခံစားရနိုင်ပါတယ်။ ထို့ကြောင့်မိမိကိုယ်ကို ရှောင်ကျဉ်နိုင်လျှင် ဆုချသည့်အနေဖြင့် မိမိစိတ်ကြိုက် တစ်လလျှင် တစ်ခါလောက် ကျန်းမာရေးဆိုတာ စိတ်ထဲမထားပဲ စိတ်ကြိုက်စားသုံးနိုင်ပါတယ။ တစ်လ တစ်ခါထက်ပိုလျှင် တော့ မကောင်းပါ။ အထက်ပါအချက်များ အစားအသောက်ဆောင်ရန်ရှောင်ရန် များ သည် လိုက်နာနိုင်လျှင် သွေးတိုးနှင့် နှလုံးရောဂါသာမက အခြားသော ရောဂါများအတွက် ပါကာကွယ်ပေးမည်ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ကောင်းမွန်သော အလေ့အကျင့်ဖြစ်ပါသည်။ မည်သို့ပင် အစားအသောက်ရှောင်ကျဉ်စေကာမူ ကျန်းမာရေးစစ်ဆေးမှုလည်း ပြုလုပ်သင့်ပါတယ်။ ကျန်းမာရေးစစ်ဆေးမှု ပြုမှသာ ခန္ဓာကိုယ်တွင် ဖြစ်နေသော အရာများအား တိတိကျကျသိရမည်ဖြစ်ပြီး စောလျင်စွာသိရှိရသည့်အတွက် ထိထိရောက်ရောက်ကုသမှု ခံယူနိုင်မည်ဖြစ်ပါသည်။ Echo ရိုက်ခြင်း အကျိုးကျေးဇူးများ ၁။Echo သည် နှလုံး တစ်ခုလုံး အား မျက်စိဖြင့် အပြင်မှာ မြင်ရသကဲ့သို့ အလားတူပါသည်။ ထို့ကြောင့် မွေးရာပါ နှလုံး ရောဂါ ရှိမရှိ၊ နှလုံး ကြီးမကြီး၊ နှလုံး အဆို့ရှင် လုံမလုံ၊ သွေးစီးဆင်းမှု မှန်မမှန် တို့အား သိရှိနိုင်ပါသည်။ ထို့အပြင် အကယ်၍ နှလုံးကြီးနေသည် ဆိုလျှင် နှလုံး မည်မျှ ကြီးနေကြောင်း တိကျစွာ တိုင်းတာနိုင်ပါသည်။ ၂။Echo သည် သွေးစီးဆင်းနေမှုပါ မြင်ရသည့်အတွက် အဆို့ရှင် မလုံပါက သွေးများ ယိုထွက်၊ ဖြာထွက်နေသည် ကို ပါ တိကျစွာ မြင်နိုင်ပါသည်။ ၃။Echo သည် မိမိနှလုံး၏ လုပ်ငန်းဆောင်တာဖြစ်သော နှလုံးညှစ်အား (Ejection Fraction) အား တိကျစွာ တွက်ချက်ပေးနိုင်ပါသည်။ နှလုံးခြေကုန်လက်ပမ်းကျ ခြင်း (Heart Failure) ဝင်နေမနေသိရှိနိုင်သည့် အပြင် မိမိသောက်နေသော နှလုံးဆေး ထိရောက်မှု ရှိမရှိအား လည်း သိနိုင်ပါသည်။ ၄။နှလုံးအခန်းတွင်း သို့ ရှင်းလင်းစွာ ဝင်ရောက်ကြည့်ရှုနိုင်သည့်အတွက် ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်နိုင်သော သွေးခဲများရှိမရှိ၊ အဆို့ရှင်တွင် အနာရှိမရှိ တို့အား တိကျစွာ သိရှိနိုင်ပါသည်။ ၅။Echo သည် နှလုံး လှုပ်ရှားနေသည့်အတိုင်း မြင်ရသဖြင့် နှလုံးခုန်စည်းချက် မှန်မမှန် ကို လည်း သိရှိနိုင်ပါသည်။ ၆။နှလုံးသွေးကြောကျဉ်းနေသော လူနာများတွင် နှလုံးသွေးကြောကျဉ်းနေသည့် နှလုံးနံရံသည် နှလုံးသွေးကြောကျဉ်းနေသည့် ဒဏ်ကြောင့် ကောင်းစွာအလုပ်လုပ်ပေ။ Echo ဖြင့် ကြည့်သည့်အခါတွင် အလုပ်မလုပ်သည့် ကြွက်သားနံရံအား တိတိကျကျမြင်ရသည့်အပြင် နှလုံးသွေးကြောကျဉ်းသည့် ဒဏ်ကြောင့် နှလုံးညှစ်အား ကျမကျပါ တိတိကျကျ သိရှိနိုင်ပါသည်။ ၇။ခွဲစိတ်မှုမပြုခင် လူနာသည် ခွဲစိတ်မှုဒဏ်အား ခံနိုင်ရည်ရှိမရှိ (pre-operative assessment) တွင် ဆုံးဖြတ်ရာတွင် အရေးကြီးသော နှလုံး၏ လုပ်ငန်းဆောင်တာများအား Echo အဖြေကြည့်ပြီး ဆုံးဖြတ်ပါသည်။ အချုပ်အားဖြင့် ဆိုလျှင် နှလုံးရောဂါများကုသခြင်း၏ အသက်သည် စောနိုင်သမျှ စောစော သိရှိအောင်လုပ်ပြီး ကုသမှုခံယူခြင်းဖြင့် နှလုံးပျက်စီးခြင်းအား ဆက်လက်မပျက်စီးအောင် ထိန်းထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် မည်သည့် နှလုံးရောဂါ အတွက်မဆို နှလုံးတယ်လီဗေးရှင်း Echocardiogram ရိုက်ကူးပြီး နှလုံး အထူးကု ဆရာဝန်နှင့် စမ်းသပ်မည်ဆိုလျှင် အမှန်တကယ် နှလုံး ရောဂါ တစ်ခုခု ရှိပါက ကြိုတင်သိရှိနိုင်မည်ဖြစ်ပြီး စောလျှင်စွာ ကုသမှု ခံယူပါက အချိန်မတိုင်မီ နှလုံး တစ်ခုခု ထိခိုက်ပျက်စီး ခြင်းမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။ Medical Checkup ဆိုတာ ရောဂါတွေ့မှ ထိရောက်တာ မဟုတ်ပါဘူး။ ရောဂါ တစ်ခုခု တွေ့ဖို့ မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ရောဂါ မရှိတာ ကို မရှိကြောင်း သိရှိရတာကိုက ဝမ်းသာစရာပါ။ ရောဂါမရှိသည့် အတွက် မိမိကိုယ်ကို ကျန်းမာနေကြောင်း သိရှိတာက ပီတဖြစ်စရာပါ။ တကယ်လို့ ရောဂါ တွေ့ခဲ့လျှင်လည်း လက္ခဏာမပြသေးခင် တွေ့တာဖြစ်သည့်အတွက် ရောဂါ မကျွမ်းခင် ကြိုတင်ကုသမှု ခံယူလို့ ရတဲ့အတွက် လူနာအတွက် အများကြီးအကျိုးရှိသော ကျန်းမာရေးစစ်ဆေးမှုဖြစ်ပါတယ်။ Family Doctor အထူးကုဆေးခန်းတွင် Echocardiogram Package အား စီစဉ်ထားရှိပါသည်။ Echo Package တွင် ပါဝင်သော ဝန်ဆောင်မှုများ ၁။ECG ဆွဲခြင်း ၂။နှလုံး အထူးကုသမားတော်မှ စမ်းသပ်ကုသခြင်း ၃။နှလုံး အထူးကုသမားတော်မှ နှလုံးကို Echo ရိုက်ကူးစစ်ဆေးခြင်း ၄။နှလုံး အထူးကုသမားတော်မှ လိုအပ်သော ဆေးများ၊ ကုသမှုများ ပေးခြင်း ၅။ဆေးခန်းဝန်ဆောင်ခ ထို ဝန်ဆောင်ခ ၅ မျိုး အတွက် အပြီး အစီး 30000 (၃ သောင်း) ကျပ်ဖြင့် ဈေးနှုန်း ချိုသာစွာဖြင့် စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ နှလုံးအထူးကုဆရာဝန်ကြီးများမှာ ၁။ဒေါက်တာ ဒေါ်ထက်ထက်မင်း M.B.,B.S (Ygn); M.Med.Sc (Int. Med); MRCP (UK); FRCP (Edin), Dr.Med.Sc (Cardiology); FAsCC Fellowship in Nuclear Cardiology and Cardiac CT Consultant Cardiologist (Nuclear Cardiology and Cardiac CT) နှလုံးဆေးကုသဆောင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ကြာသပတေး၊ သောကြာ ညနေ ၄ နာရီ။ စနေ၊တနင်္ဂနွေ နေ့လည် ၁၂ နာရီ။ ၂။ဒေါက်တာ စိန်ခိုင် M.B.,B.S (Ygn); M.Med.Sc (Int. Med); MRCP (UK); Dr.Med.Sc (Cardiology); FAsCC Fellowship in Electrophysiology (Singapore) Consultant Cardiologist နှလုံးဆေးကုသဆောင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ကြာသပတေး၊ သောကြာ ညနေ ၄ နာရီ။ စနေ၊တနင်္ဂနွေ နံနက် ၈ နာရီ။ ၃။ဒေါက်တာသိန်းထက်သိန်း M.B.,B.S (Ygn), M.Med.Sc (Int. Med) MRCP (UK), Dr.Med.Sc (Cardiology) ရန်ကုန်ပြည်သူ့ဆေးရုံကြီး စနေ၊တနင်္ဂနွေ ညနေ ၆ နာရီ။ Echocardiogram Package ပြုလုပ်လိုသော မိဘပြည်သူများ အနေဖြင့် Family Doctor အထူးကု ဆေးခန်း ဖုန်နံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး ကြိုတင် Booking နိုင်ပြီ ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ - အမှတ် SA-9၊ အောင်ဇေယျအိမ်ယာ၊ သစ်တောရပ်ကွက်၊ ဆင်မင်းဈေးရှေ့၊ ကမ်းနားလမ်းမပေါ်၊ CB Bank ဘေး၊ အလုံမြို့နယ် ဖြစ်ပါသည်။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။ လိုအပ်သော ပြည်သူများအတွက် ကျန်းမာရေးဗဟုသုတများရရှိအောင် Share လုပ်ပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပါသည်။ Medical Checkup အား ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင် တစ်ခါတည်း ပြည့်ပြည့်စုံစုံ စစ်ဆေးလိုသော သူများအနဖြေင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။ Special Whole Body Promotion ကို ယခင်က အတိုင်း သက်တမ်းထပ်မံတိုးမြင့်ပေးထားပြီး ဈေးနှုန်းချိုသာစွာဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း January လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။ Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။ အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း January လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၇၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။ Special Promotion for Old Customer ယခင်က Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package ပြုလုပ်ထားပြီး ၆ လ သို့မဟုတ် ၁ နှစ် ပြည့်၍ Special Whole Body Package ပြန်လည်စစ်ဆေးလိုပါက Special Promotion ပြုလုပ်ပေးထားပါသည်။ Special Whole Body Package Old Customer 1 person = 110,000 ကျပ် (ပုံမှန်ဈေး 135,000 ကျပ်) ဖြင့် ဈေးနှုန်း အထူးချိုသာစွာ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ယခင်က ပြုလုပ်ထားသော Special Whole Body အဖြေစာရွက် အား ပြုလုပ်သည့် နေ့တွင် ယူဆောင်လာရမည်ဖြစ်ပါသည်။ သို့မှသာ Special Promotion Discount ရရှိမည်ဖြစ်ပါသည်။ ပုံမှန်အတိုင်း Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။ OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၇၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ one and a half years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။