
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကိုမိုးမြင့်အောင်နာရေးပြုလုပ် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ကျည်ထိမှန် သေဆုံးခဲ့တဲ့ ပုဂံမြို့သစ် ရုံးတန်းရပ် က အသက် ၂၇နှစ်အရွယ် ကိုမိုးမြင့်အောင် ရဲ့ နာရေးဈာပနကို ဒီကနေ့ မနက်ပိုင်းက ပုဂံမြို့သစ်သုဿန် မှာပြုလုပ်ခဲ့ပါတယ်။ ကိုမိုးမြင့်အောင်ရဲ့ နေအိမ်မှာ လက်နက်ခဲယမ်းတွေပြုလုပ်နေတဲ့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက မေလ ၃၀ရက် နေ့လယ်ပိုင်းက ဝင်ရောက်ရှာဖွေ ပစ်ခတ်မှုတွေ လုပ်ခဲ့တာကြောင့်သေနတ်ကျဉ်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ ကိုမိုးမြင့်အောင် ညီ ၂ ယောက်နဲ့ ယောက်ဖ တော်စပ်သူတို့ကိုလည် ဖမ်းဆီးသွားပြီး အဲဒီ နောက်ရက်မှာတော့ စစ်ကောင်စီသတင်းပေးရဲ့ မှားယွင်းပြောဆိုမှုကြောင့် အိမ်မှားဝင်ရောက် တယ် ဆိုပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ "သူတို့ကတော့အိမ်မှားတယ်လို့ပြောလိုက်တာလွယ်တယ်ဗျာ၊ သေသွားရတာ လူ့အသက် တစ်ချောင်း၊ အခုလူ့လောကထဲမရောက်သေးတဲ့ကလေးကလည်း အဖမဲ့ပြီ" လို့ ကိုမ်ိုးမြင့်အောင်ရဲ့ အိမ်နီးချင်းတစ်ဦးကပြောပါတယ်။ ကိုမိုးမြင့်အောင် မှာ ကိုယ်ဝန်သုံးလ လွယ်ထားရတဲ့ ဇနီးသည်ကျန်ရစ်ခဲ့ပါတယ်။ ဘီဘီစီရဲ့နောက်ဆုံးရသတင်းတွေတိုက်ရိုက် တင်ဆက်ပေးမှုက်ိုတော့ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ https://www.bbc.com/burmese/live/burma-57242648 ဘီဘီစီမြန်မာပိုင်း Credit: