
ရေနံချောင်းတက္ကသိုလ်ရှေ့ဆန္ဒပြသူများအား မျက်ရည်ယိုဗုံးများအသုံးပြုဖြိုခွဲ၊ ၄ဦးအဖမ်းခံရ ရေနံချောင်းတက္ကသိုလ်အတွင်း စစ်တပ်မှ၀င်ရောက်နေရာယူခြင်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်ကြတဲ့ ဒေသခံပြည်သူများနဲ့ ကျောင်းသားကျောင်းသူများကို ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံး(၅)လုံးခန့်နဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။ မျက်ရည်ယိုဗုံးများနဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့်အမျိုးသမီးတစ်ဦး သတိမေ့မြောသွားခဲ့ပြီး အနည်းဆုံး လူ၄ဦးအဖမ်းခံခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောပါတယ်။ ရေနံချောင်းတက္ကသိုလ်သို့ ယနေ့ (မတ်လ ၇ ရက်) နံနက်ပိုင်းတွင် စစ်သားအချို့ရောက်ရှိလာခဲ့ပြီးနောက် ပြည်သူများက ကန့်ကွက်နေကြခြင်းဖြစ်ပါတယ်။ မကွေးတိုင်းအတွင်း ဆေးရုံအချို့နဲ့ တက္ကသိုလ်များတွင် ယနေ့နံနက်ပိုင်းမှစပြီး စစ်သားများရောက်ရှိနေရာယူနေကြသည့်အတွက် ဒေသခံပြည်သူများက ကန့်ကွက်မှုများပြုလုပ်နေတာ ဖြစ်ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - မကွေးပိုစ့် Credit: