No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

သာကေတ၊မြင်တော်သာလမ်းခံတပ်များကို ရဲနဲ့စစ်သားအလုံးအရင်းဖြင့် ဖြိုခွင်း၊ အနည်းဆုံး ငါးဦးဒဏ်ရာရရှိထား ရန်ကုန် ၂၀၂၁ မတ် ၁၉ (မော်ကွန်း) ရဲနှင့်စစ်သားများက သာကေတမြို့နယ်၊ မြင်တော်သာလမ်းတစ်လျှောက်ရှိ ဆန္ဒထုတ်ဖော် သူများ၏ သပိတ်ခံတပ်များကို ယနေ့ ညနေပိုင်းတွင် ပစ်ခတ်ဖြိုခွဲပြီး အင်အားသုံးဖယ်ရှားရှင်းလင်းနေရာ အနည်းဆုံး ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု ရပ်ကွက်နေသူများက ပြောသည်။ ကျည်ဆံအစစ်၊ ရော်ဘာကျည်၊ အသံဗုံးနှင့် မျက်ရည်ယိုဗုံးများသုံးကာဖြိုခွင်မှုအတွင်း " တစ်ယောက် ကတော့ မျက်လုံးအပေါ်ဘက်ကို ထိသွားတယ်။ လဲကျသွားတယ်။ အခြေအနေတော့စိုးရိမ်ရတယ်။ အခုဆေးခန်းပို့လိုက်ပြီး" ဟု အဖြစ်အပျက်ကို မြင်တွေ့ရသူ ရပ်ကွက်နေသူတစ်ဦးက ပြောပြသည်။ သာကေတမြို့နယ် မြင်တော်သာလမ်းမကြီးတစ်လျှောက်ရှိ စစ်ကားနှင့်ရဲကားများ မဝင်နိုင်အောင် တားဆီးထားသည့် အရံအတားများကို ဖြိုရန် ရဲနဲ့စစ်သားအင်အား ၁၀၀ ခန့် အသုံးပြုကာ ရှင်းလင်းနေခြင်းဖြစ်ကြောင်း သူက ဆက်ပြောပြသည်။ ဓါတ်ပုံ- CJ Credit: