03
Jun

မိခင်ကြီး နောက်ဆုံးခရီးကို လိုက်မပို့ နိုင်လို့ စိတ်မကောင်း ကြီးစွာ ခံစားနေ ရတဲ့ "ခွန်းဆင့်နေခြည်" အမေရိကန်မှာ ရောက်ရှိနေတဲ့ အဆိုတော် ခွန်းဆင့်နေခြည်ဟာ မိခင်ကြီး ရဲ့ နောက်ဆုံး ခရီးကို လိုက်ပို့ခွင့် မရတဲ့ အတွက် အွန်လိုင်းကပဲ နုတ်ဆက်ခွင့်ရခဲ့ကြောင်း ကို "မေမေ့ကိုဂူသွင်းသဂြိုလ်ပြီးပါပြီ ။ အဝေးကနေကန်တော့ပါတယ်မေမေ••• သမီးကိုစိတ်ချဖို့နဲ့သံယောဇဉ်တွေဖြတ်ပြီးကောင်းမွန်ရာဘုံဘဝမှာအနားယူပါမေမေ ။ သမီးပြောတာတွေမေမေကြားသိပါစေ " လို့ ယနေ့ဇွန်လ ၃ ရက်နေ့မှာ ဝမ်းနည်းစွာ ရေးသားခဲ့ပါတယ် ။ ခွန်းဆင့်ရဲ့ မိခင်ဖြစ်သူလည်း ကောင်းရာသုဂတိလားပါစေ လို့ ဆုတောင်းပေးလိုက်ရပါတယ်.. ။ Source-Sunday Credit: