
ဟာဝိုင်ယီအခြေစိုက် ပင်လယ်ထိန်းသိမ်းရေးအဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ OceansAsia မြ ယခုနှစ်ပိုင်းတွင် ခန့်မှန်းချေအားဖြင့် တစ်ခါသုံး နှာခေါင်းစည်းပေါင်း ၁.၅ ဘီလီယံ ခန့် ပင်လယ်ထဲကို ၀ငျရောကျလာလိမ့ျမညျဟု ပြောကြားခဲ့ပါတယ်။ တစ်ကြိမ်သုံးနှာခေါင်းစည်းများဟာ ကမ်ဘာလုံးဆိုင်ရာ ပလတ်စတစ် ညစ်ညမ်းမှုကိုတိုးပွားစေနိုင်တဲ့ ပြသာနာတစ်ရပ်ဖြစ်နေပါတယ်။ယခုကာလတွင်ဖြစ်ပွားနေသော ကမ်ဘာ့ကပ်ရောဂါ(Covid 19)ကို ကာကွယ်ခြင်းနှင့်ပတ်သက်၍ နှာခေါင်းစည်းတပ်ခြင်းဟာလည်း မဖြစ်မနေလိုအပ်သည့် အရာတစ်ခုဖြစ်လို့နေပြန်ပါတယ်။ စိတ်မကောင်းဖြစ်စရာတစ်ခုကတော့ အသုံးပြုပြီးသားစွန့်ပစ် နှာခေါင်းစည်းများဟာ ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်တွင် စုပုံသောင်တင်နေကြတယ်ဆိုတဲ့အချက်ဘဲဖြစ်ပါတယ်။ နှာခေါင်းစည်း မက်ထရစ်တန်ချိန် ၄၆၈၀ မွ ၆၂၄၀ ခန့် အပိုင်းစ အသေးလေးတွေဟာ ပလတ်စတစ် မက်ထရစ်တန်ချိန် ၈သန်း မွ ၁၂သန်း ကဲ့သို့ နှစ်တိုင်း သမုဒ္ဒရာထဲသို့ ဝင်ရောက်သလိုဖြစ်နေပါတယ်။ နှာခေါင်းစည်းများ ဆွေးမြေ့ပျက်စီးစေဖို့အတွက်ဆိုလျှင် နှစ်ပေါင်း ၄၅၀ အထိကြာမြင့်စွာလိုအပ်ပါတယ်။ ဒါကြောင့်မလို့ ကြှနျုပျတို့ဟာ အချိန်အတော်ကြာနှာခေါင်းစည်းကိုအသုံးပြုဖြစ်ပါကသမုဒ္ဒရာရေပြင်အတွက်ဆိုးဝါးစေမယ့်အရာတစ်ခုဖြစ်လာမယ်ဆိုတာအသေအချာပါဘဲလို့ပြောကြားခဲ့ပါတယ်။ OceansAsia မွ စစ်ဆင်ရေးဒါရိုက်တာ Gary Stokes ကဆက်လက်ပြောကြားခဲ့တာကတော့သမုဒ္ဒရာရေထဲတွင် ပလတ်စတစ်ညစ်ညမ်းမှုဟာ ကြှနျုပျတို့ရဲ့ သမုဒ္ဒရာကို အကြီးအကျယ်ပျက်စီးစေနိုင်ပါတယ်။ ပလတ်စတစ် ညစ်ညမ်းမှုကြောင့် ခန့်မှန်းချေ ၁သိန်းခန့်လောက်ရှိသော ရေနေနို့တိုက်သတ္တဝါနှင့်လိပ်များ ၊ ပင်လယ်ရေငှက် တစ်သန်းကျော် ၊ မြောက်မြားစွာသော ငါးမ်ား ၊ ကျောရိုးမဲ့သတ္တဝါ နှင့် တခွားတိရစၧာနျ မ်ားစြာကို နှစ်စဉ် သေစေနိုင်ပါတယ်။ အဲ့လိုအဖြစ်ပျက်ကြောင့် ငါးဖမ်းလုပ်ငန်းများ ၊ ခရီးသွားလုပ်ငန်းများ နှင့် ကမ်ဘာ့ စီးပွားရေးများအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၃ဘီလီယံခန့်ကုန်ကျ ဆုံးရူံးစေနိုင်ပါတယ်။ ဒါကြောင့်မလို့ တစ်ခါသုံး နှာခေါင်းစည်းများကို လျော့ချသုံးဖို့ ကြှနျုပျတို့ လုပ်ဆောင်ရန်အလွန်အရေးကြီးပါတယ်။ ကြှနျုပျတို့ တစ်ဦးခြင်းစီတိုင်းတွင် တာ၀န်ရှိပြီး သတိထားသင့်ပါတယ်။ တခါသုံး နှာခေါင်းစည်းအစား ပြန်လည်အသုံးပြုနိုင်ပြီး သဘာ၀ပတ်၀န်းကျင်ကို မထိခိုက်သောအ၀တ်နှာခေါင်းစည်းများကို ပိုပြီးအသုံးပြုသင့်ပါတယ်။ ကျေးဇူးပြုပြီးမလိုအပ်ပါကတစ်ခါသုံးနှာခေါင်းစည်းများကိုအသုံးမပြုပဲ ပြန်လည်အသုံးပြုနိုင်တဲ့နှာခေါင်းစည်းများကိုသာအသုံးပြု၀တ်ဆင်ကြပါဆိုပြီးတိုက်တွန်းပြောဆိုထားပါတယ်။Crd