
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းထားသူတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ အမေရိကန်ထုတ်ပြန် ဖေဖော်ဝါရီ − ၁ ၊၂၀၂၁ သမ္မတ ဦးဝင်းမြင့် ၊နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီနေ့မနက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုလိုက်ပါတယ်။ အမေရိကန် အိမ်ဖြူတော်က မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီး သဘောထားထုတ်ပြန်ထားတာပါ။ ဒီထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံရဲ့အခြေအနေကို သမ္မတ ဂျိုးဘိုင်ဒန်ထံအမျိုးသားလုံခြုံရေးအကြံပေး က အသိပေး အကြောင်းကြားထားတယ်လို့ ဖော်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲဖို့ကြိုးပမ်းတာ ၊ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ကူးပြောင်းရေးကို ချိုးဖောက်ဖို့ ကြိုးပမ်းတဲ့ ကိစ္စ မှန်သမျှကိုဆန့်ကျင်တယ်လို့ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Jen Psaki က ပြောပါတယ်။ ဒီလို ဆောင်ရွက်တဲ့သူတွေကိုလည်း အရေးယူသွားမယ်လို့ ဖော်ပြထားပါသေးတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ မှာလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်သွားမှာဖြစ်ပြီး ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေခဲ့ရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ထပ်တူရပ်တည်သွားမယ်လို့ အသိပေးထားတာကိုလည်းတွေ့ရပါတယ်။ ဓာတ်ပုံ − EPA အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Jen Psaki Credit: