
မန္တလေးမြို့ အပြန်အလှန်ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်များ အကျအရှူံးများရှိ (English below) မန္တလေး၊ ဇွန် ၂၂။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း အပြန်အလှနိပြစ်ခတ်မှုတွင် စစ်ကောင်စီတပ်များဖက်မှ အကျအဆုံးများရှိနေကြောင်း မန္တလေး PDF အဖွဲ့မှ သိရသည်။ ယနေ့ နံနက်ပိုငိးက ထွန်းတုံးရပ်ကွက် ၁၁၁ လမ်းနှင့် ၅၄ လမ်းအနီးတွင် စစ်ကောင်စီတပ်များနဲ့ ပစ်ခတ်မှုမှာ PDF များဖြစ်ကြောင်း၊ PDF ကလက်ဦးမှုရယူထားသည့်အတွက် ထိခိုက်အကျအဆုံးမရှိသေးကြောင်းသတင်းရရှိသည်။ စစ်ကောင်စီက သတင်းရသည့်အတွက် ရောက်လာခြင်းဖြစ်ပြီး Mandalay PDF က သတင်းကြိုရသွားသည့်အတွက် အနည်းငယ်အသာစီးရထားကြောင်း PDF အဖွဲ့ဝင် ဗိုလ်ထွန်းတောက်နိုင်က ဆိုသည်။ စစ်ကောင်စီဘက်က အကျအဆုံးများရှိနေပြီး ပြည်သူများအနေဖြင့်လည်း ဘေးလွတ်ရာကိုရွှေ့နေကြောင်း ဒေသခံများထံက သတင်းရသည်။ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီက အင်အားအလွန်အမင်းဖြင့် ယင်းအနီးနားတဝိုက်တွင် ဝိုင်းထားကြောင်း ဒေသခံများကပြောသည်။ PDF တပ်ခွဲတစ်ခုကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း မြို့ပြပျောက်ကြားစနစ်ကို ယနေ့ စတင်မည့်ဖြစ်ကြောင်း PDF ပြည်သူလူထထုကို လူမူကွန်ယက်မှ တဆင့်အသိပေးထားသည်။ ထိုပြင် ပြည်သူများဖက်မှ ပူးပေါင်းပါဝင်ရန်တိုက်တွန်းထားသည်။ တိုက်ပွဲဖြစ်နေသည့် နေရာအနီးရှိ အထပ်မြင့်တိုက်များတွင် စစ်ကောင်စီတပ်များ နေရာယူထားပြီး အရပ်ဝတ် ကျည်ကာများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကာ အခြားတပ်ကူများလည်း လာရောက်ပူးပေါင်းမည့်အနေအထားများရှိနေကြောင်း ဒေသခံများကပြောသည်။ Many junta deaths in gunfights in Mandalay June 22, Mandalay Many soldiers were killed between the junta troops and the Mandalay People's Defense Force (PDF) within the canton of Chan Mya Tharsi, Mandalay, according to the Mandalay PDF. This shootout took place near the 111th and 54th streets of the Htun Tone neighborhood earlier this morning and none of the PDF members are dead yet. "Many of them died on their side. But none of us are dead yet. The truth is, they arrived here when they heard something. But we foresaw it and had the ascendancy. The shootings are ongoing. The public is moving into a safe space. And we're not retreating yet and we're going to continue this fight,” PDF member Bo Tauk Tun Naing told BAP. During the fighting, security forces used many numbers and circled these areas, according to the inhabitants. Security forces raided one of the PDFs after the People's Defense Force (PDF) Mandalay informed the public via their Facebook account that their urban battles will begin today. In addition, the PDF also urges the public to co-operate during the battle. The security forces took positions on the towers around these zones and fired while they were wearing bulletproof vests. And other soldiers will join the battle, residents say. Burma Associated Press Credit: