ရုတ်တရက် နှလုံးသွေးကြောပိတ်၍ နှလုံး ကြွက်သားများ ပုပ်သွားလျှင် ဘာတွေဆက်ဖြစ်နိုင်သလဲ။ နှလုံးသွေးကြောသည် သာမန်အားဖြင့် ပိတ်လျှင် ရုတ်တရက် ပိတ်သည် ဟုထင်ရပြီး တကယ်တမ်းတော့ နှလုံးသွေးကြော ပိတ်ရန်မှာ နှစ်ပေါင်းများစွာ နှလုံးသွေးကြောကျဉ်းပြီး အနေအထိုင် အစားအသောက်မပြင်ပဲ လိုအပ်သော ဆေးကုသမှုများမခံယူသည့် အခါမှ သာ ဖြစ်ပေါ်လေ့ရှိပါသည်။ ထို့ကြောင့် နှလုံးသွေးကြောကျဉ်းအား လက္ခဏာ တစ်ခုခု ခံစားရပါက မပေါ့လျော့ပဲ ထိရောက်သော ကုသမှု ခံယူသင့်ပါသည်။ ထိုကဲ့သို့ ကုသမှု မခံယူပဲ ရုတ်တရက်နှလုံးသွေးကြောပိတ်ပါက ဆက်လက် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများအား အသေးစိတ်သိရှိမှသာ ကြိုတင်၍ ဆင်ခြင်နိုင်မည်ဖြစ်ပါသည်။ ၁။ရုတ်တရက် နှလုံးရပ် အသက် သေဆုံးခြင်း အဆိုးဆုံးသော ဖြစ်ရပ်ဖြစ်ပါသည်။ မိမိ နှလုံးတွင် ပင်မသွေးကြောကြီး ပိတ်သော အခါတွင် ရုတ်တရက် သေဆုံးခြင်းဖြစ်နိုင်ပါသည်။ နှလုံးသွေးကြေ အဓိက သွေးကြော ၃ခု ရှိသည့် အနက် နှလုံး ဘယ်ဘက်ခြမ်းအား ပေးသော အဓိက ပင်မ သွေးကြောပိတ်သော အခါတွင် ရုတ်တရက်နှလုံး ရပ်သေဆုံးခြင်း ဖြစ်နိုင်ပါသည်။ အဆိုးဆုံးသော နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ပါသည်။ ၂။Cardiogenic Shock ဟုခေါ်သော Shock ဝင်ခြင်း များသောအားဖြင့် ထို ကဲ့သို့သော Shock ဝင်ခြင်းသည် အထက်တွင်ဖော်ပြထားသကဲ့သို့ နှလုံးဘယ်ဘက်ခြမ်းအား ပေးသော နှလုံးသွေးကြောမကြီးပိတ်လျှင် ဖြစ်ပေါ်တတ်ပါသည်။ သို့သော်လည်း နှလုံးကြွက်သားပုပ်သွားသော်လည်း အသက်သေဆုံးသည် အထိ မပြင်းထန်ပါက Shock ဖြစ်ခြင်းဖြစ်ပါသည်။ အဓိကအားဖြင့် ဘယ်ဘက် နှလုံး ကြွက်သားပုပ်သွားသည့် အတွက် နှလုံးသည် လိုအပ်သော သွေးပေါင်ချိန်ရောက် အောင် မညှစ်နိုင်တော့သည့် အတွက် Shock ဖြစ်ပြီး သွေးပေါင်ကျခြင်း ဖြစ်ပါသည်။ ထို အခြေအနေသည်လည်း အရေးပေါ် အခြေအနေဖြစ်ပြီး ထိရောက်သောကုသမှု အမြန်ဆုံးခံယူနိုင်မှသာ အသက်အန္တရာယ်မှ လွတ်မြောက်နိုင်မည်ဖြစ်ပါသည်။ ၃။နှလုံးခုန်နှေးခြင်း နှလုံးခုန်ရန်မှာ နှလုံး လျှပ်စီးလမ်းကြောင်း တစ်လျှောက် Signal စီးဆင်းသွားပြီး နှလုံးကြွက်သား ညှစ်ကာ နှလုံးခုန်ခြင်းဖြစ်ပါသည်။ ထို နှလုံး လျှပ်စီးကြောင်းများသည် နှလုံး ကြွက်သားများကြားတွင် ရှိသည့်အတွက် နှလုံး ကြွက်သားပုပ်သွားသော အခါတွင် အချို့သော လျှပ်စီးလမ်းကြောင်းများသည် ပျက်စီးသွားသည် ဖြစ်ပါသည်။ ထို အခါ ယခင်ပုံမှန်ကဲ့သို့ နှလုံးလျှပ်စီးကြောင်းသည် ကောင်းမွန်စွာ မစီးဆင်းနိုင်တော့သည့် အတွက် နှလုံးခုန်နှေးခြင်းဖြစ်ပေါ်လာပါသည်။ နှလုံးခုန်နှေးနေပါက လိုအပ်သော နှလုံးညှစ်အားကို မထုတ်ပေးနိုင်သည့်အပြင် နှလုံး တစ်ခုလုံးအား စည်းချက်ညီစွာခုန်ရန် မထိန်းချုပ်နိုင်ခြင်းဖြစ်တတ်ပါသည်။ ထို့ကြောင့် နှလုံးခုန်နှေးခြင်း၏ အဓိကဆိုးကျိုးမှာ နှလုံး စည်းချက်မမှန်ခြင်းများ ဖြစ်ပေါ်ကာ အသက်ဆုံးရှူံးနိုင်ခြင်းဖြစ်ပေါ်တတ်ပါသည်။ ၄။ရုတ်တရက် စည်းချက်မမှန်သော နှလုံးခုန်ခြင်း ဖြစ်ခြင်း နှလုံးကြွက်သားပုပ်သွားသော ကြောင့် နှလုံးကြွက်သား များသည် ဒဏ်ဖြစ်နေသကဲ့သို့ ဖြစ်နေပါသည်။ ထိုအခါတွင် နှလုံးကြွက်သားများသည် တုန့်ပြန်မှု မမှန်ခြင်းများဖြစ်ပေါ်ပါသည်။ နှလုံးကြွက်သား သွေးငတ်ခြင်းများ ပိုဆိုးသည့် အခါတွင် နှလုံးကြွက်သားသည် စည်းချက်မမှန်သော နှလုံးခုန်ခြင်း ဖြစ်ပြီး Arrythymia ဟု ခေါ်သော အသက်ဆုံးရှူံးစေတတ်သော စည်းချက်မမှန်သော နှလုံးခုန်ခြင်းများဖြစ်ပေါ်တတ်ပါသည်။ ထို့ကြောင့် နှလုံးကြွက်သားပုပ်ပြီး ခါစတင် အထူးပင် ဂရုစိုက်ရသော ဆိုးကျိုုးဖြစ်ပါသည်။ ၅။နှလုံးညာဘက် အခန်းပုပ်၍ နှလုံး ညာဘက်အခန်း ညှစ်အားကျခြင်း နှလုံးသွေးကြောမကြီး ၃ချောင်းရှိသည် အနက် ညာဘက် နှလုံးခန်းသို့ ပေးသော သွေးကြောပိတ်လျှင် ဖြစ်တတ်ပါသည်။ နှလုံးညာဘက် အခန်း ညှစ်အားကျသည့် အခါတွင် လည်ပင်းတွင် သွေးကြောများ ထောင်နေခြင်း၊ အသည်းကြီးနေခြင်း စသည် တို့အား တွေ့ရတတ်ပါသည်။ နှလုံး ဘယ်ဘက်ခန်းပုပ်လျှင် တွေ့ရလေ့ရှိသော မောခြင်း၊ အသက်ရှူကျပ်ခြင်းများသည် နှလုံးညာဘက်အခန်းတွင် တွေ့ရလေ့မရှိပါ။ ၆။နှလုံးအမြှေးပါးရောင်ခြင်း နှလုံးပုပ်သောနေရာတွင် နှလုံး အပေါ်ယံအမြေးပါးသည် အောက်တွင်ရှိသော ပုပ်သော ကြွက်သားများနှင့် ထိစပ်နေခြင်းကြောင့် ရောင်ရမ်းခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ ထိုကဲ့သို့ နှလုံး အမြေးပါးရောင်သောအခါတွင် နှလုံးအမြေးပါးရောင်သည့် အပိုင်းတွင် နာကျင်ခြင်းခံစားရတတ်ပါသည်။ ထိုကဲ့သို့ ရောင်ရမ်းခြင်းမှတစ်ဆင့် အရည်များ စုပုံပြီး နှလုံး အမြေးပါးတွင် ရေစုခြင်းကြောင့် အောက်တွင် ရှိသော နှလုံး အား ဖိထားသလို ဖြစ်ပြီး နှလုံး ညှစ်အားကျခြင်းများ ဖြစ်တတ်ပါသည်။ Echocardiogram ရိုက်ပြီး ပမာဏ ကို တိုင်းတာကာ လိုအပ်ပါက နှလုံးအမြှေးပါးအတွင်းရှိ အရည်များ စုပ်ထုတ်ရခြင်းများ ရှိတတ်ပါသည်။ ၇။Cardiac Tamponade ဟုခေါ်သော နှလုံးအရည်ခြင့်ပိ၍ ခုန်၍ မရခြင်း အထက်တွင်ဖော်ပြထားသကဲ့သို့ နှလုံးအမြေးပါး တွင် အရည်စုခြင်း များလာပြီး အသိနောက်ကျပါက Cardiac Tamponade ဟုခေါ်သော နှလုံး အပြင်ဘက်မှ အရည်များသည် နှလုံး အား ဖိထားသလိုဖြစ်ပြီး နှလုံး ခုန်၍ မရခြင်းဖြစ်သော အခြေအနေဖြစ်ပါသည်။ ထိုအခြေအနေသည် အရေးပေါ် အခြေအနေဖြစ်ပြီး အမြန်ဆုံး နှလုံး အမြှေးပါး အောက်တွင် ရှိသော အရည်အား စုပ်ထုတ်ခြင်း၊ ခွဲစိတ်ခြင်း များပြုလုပ်မှသာ အသက်ရှင်နိုင်မည်ဖြစ်ပါသည်။ ၈။နှလုံး အဆို့ရှင်များ မလုံခြင်း၊ ပျက်စီးခြင်း နှလုံးအဆို့ရှင်များသည် နှလုံး ကြွက်သား နံရံများနှင့် တွယ်ဆက်ထားပြီး နှလုံးခုန်သည့်အခါတွင် သွေးများအား ရှေ့သို့ ရောက်စေရန် အလိုက်သင့် ပိတ်ခြင်း၊ ဖွင့်ခြင်းများ ပြုလုပ်ပေးသော နှလုံး တံခါးရွက်များဖြစ်ပါသည်။ ထို တံခါးရွက်များသည် နှလုံး ကြွက်သားပုပ်သွားသော အခါတွင် နှလုံး အဆို့ရှင်ပါရော၍ ပျက်စီးသွားသဖြင့် အဆို့ရှင် မလုံခြင်း များ ဖြစ်တတ်ပါသည်။ နှလုံး အဆို့ရှင်ပျက်စီးခြင်း၊ မလုံခြင်းကြောင့် သွေးအား ရှေ့ရောက်အောင် ယခင်က ကဲ့သို့ မညှစ်နိုင်ပဲ နှလုံး ပို၍ ပင်ပန်းစေပြီး နောင်အခါတွင် နှလုံးကြွက်သားများ အား ပို၍ ပျက်စီးစေကာ နှလုံး ညှစ်အားကျခြင်းများ ဖြစ်ပေါ်စေ တတ်ပါသည်။ ၉။နှလုံးဖောင်းခြင်း (Left Ventricular Aneurysm) နှလုံး ကြွက်သား ပုပ်သွားသည့်အတွက် နှလုံး ကြွက်သားသည် ပုံမှန် အကောင်းအတိုင်း ရှိသော ကြွက်သားကဲ့သို့ တောင့်တင်းမှုမရှိတော့ပဲ ပျော့နေတတ်ပါသည်။ ကြာလာသည့်အခါတွင် ထိုနေရာသည် ပျော့၍ ဖောင်းနေခြင်းဖြစ်ပေါ်ကာ Aneurysm ဖြစ်ပေါ်တတ်ပါသည်။ ထို Aneurysm နေရာသည် ပျော့နေသည့်အတွက် နှလုံးညှစ်သည့်အခါတွင် ထို နေရာမှ နှလုံး ပေါက်ထွက်နိုင်သည့် အန္တရာယ်ရှိပါသည်။ ထို့ကြောင့် ထိုနေရာအား ခွဲစိတ်ပြီး ပြန်လည် ပြုပြင်ခြင်းများ ပြုလုပ်ရလေ့ရှိပါသည်။
အထက်တွင် ဖော်ပြထားသော နောက်ဆက်တွဲဆိုးကျိုးများသည် နှလုံးသွေးကြောပိတ်ပြီး နှလုံး ကြွက်သားပုပ်သွားပြီး နောက်ခံစားရသော ရောဂါလက္ခဏာများဖြစ်ပါသည်။ အလွန်ပင်ကုသရန် ခက်ခဲပြီး အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်သည့်အတွက် နှလုံးသွေးကြောမပိတ်အောင် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးပင်ဖြစ်ပါသည်။ ထို့ကြောင့် နှလုံး သွေးကြောကျဉ်းလက္ခဏာ ခံစားရလျှင် မပေါ့လျော့ပဲ ဆက်လက်ပြီး နှလုံး သွေးကြောမကျဉ်းအောင် ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်းအား ကာကွယ်နိုငသော ဆေးများသောက်သုံးသင့်ပါသည်။ သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။
OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၅၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ နှလုံးရောဂါကို မည်သို့ ကြိုတင်သိရှိအောင် လုပ်မလဲ။ မည်သို့ ကြိုတင်ကာကွယ်မလဲ။ မည်သည့် နှလုံးရောဂါမဆို စောလျှင်အောင်သိရှိပြီး ကြိုတင်၍ ဆေးသောက်ပြီး ကုသမှုခံယူထား ပါက နှလုံးရုတ်တရက် ရပ်ပြီးသေဆုံးခြင်း (Heart Attack) နှင့် အခြားသော ဘေးထွက်ဆိုးကျိုးများဖြစ်ခြင်းမှ ရှောင်ကျဉ်နိုင်မည်ဖြစ်ပါသည်။ တကယ်တော့ နှလုံးရောဂါအား ကြိုတင်သိရှိနိုင်အောင် စစ်ဆေးခြင်းသည် သွေးစစ်ခြင်း မဟုတ်ပါ။ နှလုံး အထူးကုဆရာဝန် ကိုယ်တိုင် Echocardiogram (နှလုံး တယ်လီဗေးရှင်း) ရိုက်ပြီး နှလုံး အထူးကုဆရာဝန်ကိုယ်တိုင် စမ်းသပ်ကုသခြင်းသည် အထက်တွင် ဖော်ပြထားသော နှလုံး ရောဂါများ ဖြစ်နေ မဖြစ်နေအား တိတိကျကျသိနိုင်သည့်အပြင် Echo ကြောင့် နှလုံးပျက်စီးမှု အနေအထားအား တိတိကျကျသိနေသည့်အတွက် နှလုံးအတွက် ကုသမှုဆေးပေးရာတွင် လည်း စမ်းတဝါးဝါးဖြင့် ပေးရခြင်းမဟုတ်ပဲ တိတိကျကျ ထိထိရောက်ရောက် ကုသမှုပေးနိုင်ပါသည်။
Echocardiogram (နှလုံးတယ်လီဗေးရှင်း ဓာတ်မှန်) Echocardiogram သည် Ultrasound နှင့် အလားတူပင်ဖြစ်ပါသည်။ အသံလှိုင်းဖြင့် ပုံရိပ်ဖော်သည့်အတွက် X-ray ကဲ့သို့ လူနာအား ဓာတ်ရောင်ခြည်သင့်ခြင်း မျိုးလုံးဝမဖြစ်ပဲ လူနာအား ဘေးထွက်ဆိုးကျိုးလုံးဝ မပေးနိုင်ပါ။ Echo ရိုက်ခြင်းသည် Ultrasound ရိုက်ခြင်းထက် များစွာ ရှုပ်ထွေးသော်လည်း အခြား အင်္ဂါ အစိတ်အပိုင်းများ (ဥပမာ ကျောက်ကပ်၊ အသည်းများ) အား Ultrasound ရိုက်ခြင်းနှင့် သဘောတရားခြင်း ဆင်တူပါသည်။ ပို၍ ရှင်းလင်းအောင် ပြောရလျှင် နှလုံးတစ်ခုလုံးအား ခန္ဓာကိုယ်မှ အပြင်ကိုထုတ်ပြီး မျက်လုံးဖြင့် ကြည့်ခြင်းဖြစ်ပါသည်။ Echo ရိုက်ခြင်း အကျိုးကျေးဇူးများ ၁။Echo သည် နှလုံး တစ်ခုလုံး အား မျက်စိဖြင့် အပြင်မှာ မြင်ရသကဲ့သို့ အလားတူပါသည်။ ထို့ကြောင့် မွေးရာပါ နှလုံး ရောဂါ ရှိမရှိ၊ နှလုံး ကြီးမကြီး၊ နှလုံး အဆို့ရှင် လုံမလုံ၊ သွေးစီးဆင်းမှု မှန်မမှန် တို့အား သိရှိနိုင်ပါသည်။ ထို့အပြင် အကယ်၍ နှလုံးကြီးနေသည် ဆိုလျှင် နှလုံး မည်မျှ ကြီးနေကြောင်း တိကျစွာ တိုင်းတာနိုင်ပါသည်။ ၂။Echo သည် သွေးစီးဆင်းနေမှုပါ မြင်ရသည့်အတွက် အဆို့ရှင် မလုံပါက သွေးများ ယိုထွက်၊ ဖြာထွက်နေသည် ကို ပါ တိကျစွာ မြင်နိုင်ပါသည်။ ၃။Echo သည် မိမိနှလုံး၏ လုပ်ငန်းဆောင်တာဖြစ်သော နှလုံးညှစ်အား (Ejection Fraction) အား တိကျစွာ တွက်ချက်ပေးနိုင်ပါသည်။ နှလုံးခြေကုန်လက်ပမ်းကျ ခြင်း (Heart Failure) ဝင်နေမနေသိရှိနိုင်သည့် အပြင် မိမိသောက်နေသော နှလုံးဆေး ထိရောက်မှု ရှိမရှိအား လည်း သိနိုင်ပါသည်။ ၄။နှလုံးအခန်းတွင်း သို့ ရှင်းလင်းစွာ ဝင်ရောက်ကြည့်ရှုနိုင်သည့်အတွက် ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်နိုင်သော သွေးခဲများရှိမရှိ၊ အဆို့ရှင်တွင် အနာရှိမရှိ တို့အား တိကျစွာ သိရှိနိုင်ပါသည်။ ၅။Echo သည် နှလုံး လှုပ်ရှားနေသည့်အတိုင်း မြင်ရသဖြင့် နှလုံးခုန်စည်းချက် မှန်မမှန် ကို လည်း သိရှိနိုင်ပါသည်။ ၆။နှလုံးသွေးကြောကျဉ်းနေသော လူနာများတွင် နှလုံးသွေးကြောကျဉ်းနေသည့် နှလုံးနံရံသည် နှလုံးသွေးကြောကျဉ်းနေသည့် ဒဏ်ကြောင့် ကောင်းစွာအလုပ်လုပ်ပေ။ Echo ဖြင့် ကြည့်သည့်အခါတွင် အလုပ်မလုပ်သည့် ကြွက်သားနံရံအား တိတိကျကျမြင်ရသည့်အပြင် နှလုံးသွေးကြောကျဉ်းသည့် ဒဏ်ကြောင့် နှလုံးညှစ်အား ကျမကျပါ တိတိကျကျ သိရှိနိုင်ပါသည်။ ၇။ခွဲစိတ်မှုမပြုခင် လူနာသည် ခွဲစိတ်မှုဒဏ်အား ခံနိုင်ရည်ရှိမရှိ (pre-operative assessment) တွင် ဆုံးဖြတ်ရာတွင် အရေးကြီးသော နှလုံး၏ လုပ်ငန်းဆောင်တာများအား Echo အဖြေကြည့်ပြီး ဆုံးဖြတ်ပါသည်။ အချုပ်အားဖြင့် ဆိုလျှင် နှလုံးရောဂါများကုသခြင်း၏ အသက်သည် စောနိုင်သမျှ စောစော သိရှိအောင်လုပ်ပြီး ကုသမှုခံယူခြင်းဖြင့် နှလုံးပျက်စီးခြင်းအား ဆက်လက်မပျက်စီးအောင် ထိန်းထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် မည်သည့် နှလုံးရောဂါ အတွက်မဆို နှလုံးတယ်လီဗေးရှင်း Echocardiogram ရိုက်ကူးပြီး နှလုံး အထူးကု ဆရာဝန်နှင့် စမ်းသပ်မည်ဆိုလျှင် အမှန်တကယ် နှလုံး ရောဂါ တစ်ခုခု ရှိပါက ကြိုတင်သိရှိနိုင်မည်ဖြစ်ပြီး စောလျှင်စွာ ကုသမှု ခံယူပါက အချိန်မတိုင်မီ နှလုံး တစ်ခုခု ထိခိုက်ပျက်စီး ခြင်းမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။
Medical Checkup ဆိုတာ ရောဂါတွေ့မှ ထိရောက်တာ မဟုတ်ပါဘူး။ ရောဂါ တစ်ခုခု တွေ့ဖို့ မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ရောဂါ မရှိတာ ကို မရှိကြောင်း သိရှိရတာကိုက ဝမ်းသာစရာပါ။ ရောဂါမရှိသည့် အတွက် မိမိကိုယ်ကို ကျန်းမာနေကြောင်း သိရှိတာက ပီတဖြစ်စရာပါ။ တကယ်လို့ ရောဂါ တွေ့ခဲ့လျှင်လည်း လက္ခဏာမပြသေးခင် တွေ့တာဖြစ်သည့်အတွက် ရောဂါ မကျွမ်းခင် ကြိုတင်ကုသမှု ခံယူလို့ ရတဲ့အတွက် လူနာအတွက် အများကြီးအကျိုးရှိသော ကျန်းမာရေးစစ်ဆေးမှုဖြစ်ပါတယ်။ Family Doctor အထူးကုဆေးခန်းတွင် Echocardiogram Package အား စီစဉ်ထားရှိပါသည်။ Echo Package တွင် ပါဝင်သော ဝန်ဆောင်မှုများ ၁။ECG ဆွဲခြင်း ၂။နှလုံး အထူးကုသမားတော်မှ စမ်းသပ်ကုသခြင်း ၃။နှလုံး အထူးကုသမားတော်မှ နှလုံးကို Echo ရိုက်ကူးစစ်ဆေးခြင်း ၄။နှလုံး အထူးကုသမားတော်မှ လိုအပ်သော ဆေးများ၊ ကုသမှုများ ပေးခြင်း ၅။ဆေးခန်းဝန်ဆောင်ခ ထို ဝန်ဆောင်ခ ၅ မျိုး အတွက် အပြီး အစီး 30000 (၃ သောင်း) ကျပ်ဖြင့် ဈေးနှုန်း ချိုသာစွာဖြင့် စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ နှလုံးအထူးကုဆရာဝန်ကြီးများမှာ ၁။ဒေါက်တာ ဒေါ်ထက်ထက်မင်း M.B.,B.S (Ygn); M.Med.Sc (Int. Med); MRCP (UK); FRCP (Edin), Dr.Med.Sc (Cardiology); FAsCC Fellowship in Nuclear Cardiology and Cardiac CT Consultant Cardiologist (Nuclear Cardiology and Cardiac CT) နှလုံးဆေးကုသဆောင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ကြာသပတေး၊ သောကြာ ညနေ ၄ နာရီ။ စနေ၊တနင်္ဂနွေ နေ့လည် ၁၂ နာရီ။ ၂။ဒေါက်တာ စိန်ခိုင် M.B.,B.S (Ygn); M.Med.Sc (Int. Med); MRCP (UK); Dr.Med.Sc (Cardiology); FAsCC Fellowship in Electrophysiology (Singapore) Consultant Cardiologist နှလုံးဆေးကုသဆောင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အင်္ဂါ၊ ကြာသပတေး ညနေ ၄ နာရီ။ စနေ၊တနင်္ဂနွေ နံနက် ၈ နာရီ။ ၃။ဒေါက်တာသိန်းထက်သိန်း M.B.,B.S (Ygn), M.Med.Sc (Int. Med) MRCP (UK), Dr.Med.Sc (Cardiology) ရန်ကုန်ပြည်သူ့ဆေးရုံကြီး စနေ၊တနင်္ဂနွေ ညနေ ၆ နာရီ။ Echocardiogram Package ပြုလုပ်လိုသော မိဘပြည်သူများ အနေဖြင့် Family Doctor အထူးကု ဆေးခန်း ဖုန်နံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး ကြိုတင် Booking နိုင်ပြီ ဖြစ်ပါသည်။
Family Doctor အထူးကုဆေးခန်းလိပ်စာမှာ - အမှတ် SA-9၊ အောင်ဇေယျအိမ်ယာ၊ သစ်တောရပ်ကွက်၊ ဆင်မင်းဈေးရှေ့၊ ကမ်းနားလမ်းမပေါ်၊ CB Bank ဘေး၊ အလုံမြို့နယ် ဖြစ်ပါသည်။ https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။ လိုအပ်သော ပြည်သူများအတွက် ကျန်းမာရေးဗဟုသုတများရရှိအောင် Share လုပ်ပေးခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပါသည်။ Medical Checkup အား ခန္ဓာကိုယ် အစိတ်အပိုင်း အစုံအလင် တစ်ခါတည်း ပြည့်ပြည့်စုံစုံ စစ်ဆေးလိုသော သူများအနဖြေင့် Special Whole Body Package အား စစ်ဆေးနိုင်ပါသည်။ Special Whole Body Promotion ကို ယခင်က အတိုင်း သက်တမ်းထပ်မံတိုးမြင့်ပေးထားပြီး ဈေးနှုန်းချိုသာစွာဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။
အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း December လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း 1.Chest X Ray (ရင်ဘတ်ဓာတ်မှန်) ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း 2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်) အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး) 3.Total Bilirubin 4.Alkaline Phosphatase 5.SGOT (AST) 6.SGPT (ALT) သွေးတွင်း အဆီဓာတ် (၄ မျိုး) 7.Total Cholesterol 8.Triglycerides 9.HDL 10.LDL ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး) 11.Creatinine 12.Urea 13.Sodium 14.Potassium 15.Chloride 16.Bicarbonate 17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း) 18.Uric Acid 19.Albumin(အသားဓာတ်စစ်ဆေးခြင်း) 20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း) 21.Urine RE(ဆီးစစ်ဆေးခြင်း) အူမကြီးကင်ဆာ အတွက် ဝမ်းစစ်ဆေးခြင်း 22.Fecal Immunochemical Test (FIT) လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း 23.TSH 24.Free T3 25.Free T4 နှလုံးအား အသေးစိတ်စစ်ဆေးခြင်း 26.ECG 27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း) 28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း တို့ပါဝင်မည်ဖြစ်ပါသည်။ Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။
အထူး Promotion Special Whole Body Checkup တစ်ယောက် = 135,000 ကျပ် နှစ်ယောက် = 235,000 ကျပ် (နှစ်ယောက်ဝယ်လျှင် 270,000 ကျပ် ကျသင့်မည့်အစား 25 % Discount ဖြင့် 235,000 ကျပ်ဖြင့် ဈေးနှုန်း အထူးချိုသာဖြင့် Promotion ကာလအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Promotion ကာလကို လည်း December လကုန်အထိ ထပ်မံတိုးပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။) မှတ်ချက်။ ။ အမျိုးသမီးများအတွက် ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းအတွက် ရင်သား Ultrasound ရိုက်ခြင်း၊ သားဖွားမီးယပ် အထူးကု နှင့် သားအိမ်ခေါင်း အသားစ ယူခြင်း တို့အတွက် ငွေကျပ် ၄၀၀၀၀ ကျပ် (Discount ဈေးနှုန်းဖြင့်) ထည့်သွင်းပြုလုပ်နိုင်ပါသည်။ နယ်မှ လာရောက်စစ်ဆေးသော မိဘပြည်သူများအတွက် အရေးကြီးပါက တစ်ရက်တည်း ပြီးစီးအောင် စစ်ဆေးနိုင်ရန် အတွက် စီစဉ်ထားပါသည်။ မနက်ပိုင်းသွေးဖောက်စစ်ဆေးပြီး ညနေပိုင်း တွင် အဖြေအပြည့်အစုံဖြင့် နှလုံးအထူးကုသမားတော်နှင့် နေ့ချင်းပြီး ပြသနိုင်ရန်အတွက်လည်း စီစဉ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သွေးတိုး၊ဆီးချို အား အဓိကဖြစ်စေသော OSA (Obstructive Sleep Apnoea) ရှိမရှိ စမ်းသပ်ပေးသော Level 3 Sleep Study အား အထူးဈေးနှုန်းဖြင့် Special Whole Body Package တွင် ထည့်သွင်းပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ ညအိပ်စဉ် ဟောက်ခြင်း၊ အသက်ရှုရပ်ခြင်းများအား အတိအကျ တိုင်းတာပေးမည့် Level 3 Sleep Study အား Special Whole Body Checkup Package တွင် အထူးသက်သာသော ဈေးနှုန်း ၁၅၀၀၀ ကျပ် ထပ်မံ ပေးရုံဖြင့် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။ Level 3 Sleep Study အား သီးသန့် ပြုလုပ်ချင်သော မိဘပြည်သူများ အနေဖြင့် ငွေကျပ် ၂၇၀၀၀ကျပ် ဖြင့် ဈေးနှုန်းသက်သာစွာပြုလုပ်ပေးနေပြီဖြစ်ပါသည်။ Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။ Special Promotion for Old Customer ယခင်က Family Doctor အထူးကုဆေးခန်းတွင် Special Whole Body Package ပြုလုပ်ထားပြီး ၆ လ သို့မဟုတ် ၁ နှစ် ပြည့်၍ Special Whole Body Package ပြန်လည်စစ်ဆေးလိုပါက Special Promotion ပြုလုပ်ပေးထားပါသည်။ Special Whole Body Package Old Customer 1 person = 110,000 ကျပ် (ပုံမှန်ဈေး 135,000 ကျပ်) ဖြင့် ဈေးနှုန်း အထူးချိုသာစွာ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ယခင်က ပြုလုပ်ထားသော Special Whole Body အဖြေစာရွက် အား ပြုလုပ်သည့် နေ့တွင် ယူဆောင်လာရမည်ဖြစ်ပါသည်။ သို့မှသာ Special Promotion Discount ရရှိမည်ဖြစ်ပါသည်။ ပုံမှန်အတိုင်း Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ သတိပြုသင့်သော OSA ဟုခေါ်သော အိပ်နေစဉ်ဟောက်ခြင်း၊ အသက်ရှူရပ်ခြင်း ရောဂါ OSA သည် သွေးတိုးရောဂါအပြင် နှလုံး ရောဂါ အတော်များများအား ဖြစ်စေသော နောက်ကွယ်မှ လူသိနည်းသေးသော အကြောင်းအရာဖြစ်ပါသည်။ ည အိပ်စဉ် လေပြွန်ကျဉ်း၍ ပိတ်နေသော ကြောင့် အသက်ရှူရပ်ခြင်း ဖြစ်သည့်အခါတွင် အောက်ဆီဂျင်နည်းသွားပြီး နှလုံးအား ပို၍ ခုန်စေသောကြောင့် နှစ်ရှည်လများ ကြာသည့်အခါတွင် နှလုံးရောဂါဖြစ်စေခြင်း၊ သွေးတိုးထိန်းမရခြင်းကြောင့် နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အားကျခြင်းများဖြစ် ပေါ်စေတတ်ပါသည်။ ထို့ကြောင့် OSA လက္ခဏာများ ဖြစ်သော ဦးနှောက်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်များစုပုံနေသည်ကတစ်ကြောင်းတို့ကြောင့်မနက်မိုးလင်းလင်းချင်းတွင် အိပ်ရေးမဝဘဲ ခေါင်းအုံနေခြင်း၊ ခေါင်းကိုက်ခြင်း၊မကြည်လင်ခြင်း၊ မလန်းဆန်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့သာမက နေ့လည်ဘက်တွင် ကားမောင်းနေရင်းဖြစ်စေ၊ တီဗီကြည့်နေရင်းဖြစ်စေအိပ်ငိုက်ခြင်း အစရှိသော လက္ခဏာများ ရှိပါက မပေါ့လျော့ပဲ Sleep Study Test စစ်ဆေးသင့်ပါသည်။ OSA အဖြစ်များပြီး Sleep Study Test စစ်ဆေးသင့်သောသူများမှာ ၁။ အဝလွန်သူများ (အထူးသဖြင့် အိပ်နေစဉ်တွင် ဟောက်သော သူများတွင် အသက်ရှူရပ်ခြင်း ပို၍ ဖြစ်စေပါသည်။) ၂။ သွေးတိုးရောဂါရှိသူများ ၃။ ဆီးချိုရောဂါရှိသူများ ၄။ သက်ကြီးပိုင်းတွင်အဖြစ်များသော်လည်း မေးရိုးတိုသူများ၊ လည်ပင်းတိုသူများ၊(အမျိုးသားများတွင်လည်ပင်းအရွယ် ၁၇ လက်မနှင့်အထက်ရှိခြင်း၊ အမျိုးသမီးများတွင် လည်ပင်းအရွယ် ၁၆ လက်မနှင့်အထက်ရှိခြင်း) ၅။ နှလုံးစက်တပ်ထားသူများ သည် Sleep Study Test စစ်ဆေးသင့်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် ဟောက်သော၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်း ရှိသော လူနာများအတွက် Sleep Study အား ဈေးနှုန်းအထူးသက်သာစွာဖြင့် ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် ၂၇၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပြုလုပ်မည့် မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် ပြီး ကြိုတင် Booking ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ၁၅၀၀၀ ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ one and a half years ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။
