
မြန်မာနိုင်ငံထဲကို ကူးစက်မူပိုမြန်၊ ပိုပြင်းထန်တဲ့ အိန္ဒိယက ကိုဗစ်-19 ပိုးမျိုးကွဲသစ် ဝင်လာပြီး၊ တတိယလှိုင်း ဖြစ်လာနိုင်တယ်ဟု VOA သတင်းဌာနထံမှာ သိရှိပါတယ်။ . အခုလိုအခြေအနေမျိုးက၊ အိန္ဒိယက ဗီဇပြောင်း ပိုးမျိုးကွဲသစ်ကြောင့် ဖြစ်ရဖို့ များနေပေမယ့်၊ မျိုးရိုးဗီစ ဆင့်ကဲဖြစ်စဉ် (Genetic Sequencing) နည်းနဲ့ စစ်ဆေးပြီးမှာသာလျှင်၊ အတိအကျ ပြောနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့၊ ဒီမျိုးကွဲသစ်ဝင်လာတာ ဖြစ်နိုင်တယ်လို့ ယူဆပြီး၊ စောင့်ကြည့်စစ်ဆေးထိန်းချုပ်မူတွေ စလုပ်နေပါပြီ။ အိန္ဒိယနယ်စပ် မြန်မာဘက်ခြမ်းက၊ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် တွန်းဇံမြို့တွေမှာ၊ ကိုဗစ် ပိုးကူးစက်နေမူက အစုလိုက်အပြုံလိုက် (Cluster) အလျှင်အမြန် ဖြစ်နေပြီး၊ အောက်ဆီဂျင်စက်နဲ့ အသက်ရှုရသူနဲ့ သေဆုံးသူ တိုးကာ ပြင်းထန်လာနေတာကြောင့်၊ ကျန်းမာရေး တာဝန်ရှိသူတွေအနေနဲ့၊ အခုစဖြစ်တဲ့နယ်စပ်မြို့တွေမှာ စထိန်းချုပ်နိုင်အောင်နဲ့ အခြားဒေသတွေကိုလည်း မပျံ့နှံ့သွားနိုင်အောင် ကြိုးပမ်းပြင်ဆင်နေကြပါတယ်။ . ဒါ့အပြင်၊ ကိုဗစ်ပိုးကူးစက်သူတွေကို စောစောသိနိုင်အောင် ရောဂါပိုးတွေ့ရှိပြီးသူတွေနဲ့ ထိတွေ့ခဲ့သူတွေကို နောက်ကြောင်းခံလိုက်တာတွေ (Contact Tracing)၊ ဆေးစစ်တာ (Test) လုပ်ပေးတာတွေ၊ သီးသန့်ခွဲ (Quarantine) ထားရှိတာတွေနဲ့ ရောဂါရှိပြီးသူတွေကို ကုသမူပေးတာတွေကို အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင်ပေးနေပါတယ်။ . လက်ရှိမှာ ကိုဗစ် တတိယလှိုင်းအဆင့် ဖြစ်မလာသေးပဲမယ့် အစပျိုးနေချိန်မျိုး စဖြစ်လာနေတာမို့၊ ပြည်သူတွေ မပေါ့ဆဘဲ၊ ဝိုင်းဝန်းကာကွယ်မှသာ၊ ရှေ့ဆက်တတိယလှိုင်း ဖြစ်မလာအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ . သတင်း- ကိုချစ် ဇွဲကပင်မြေ ကိုးကား- VOA ဇွန်လ ၃ ရက်နေ့ ၂၀၂၁ . #MyanmarliveThailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #PostbyKoChit #BKK #Covid19TH Credit: