
စင်္ကာပူကဘဏ်အားလုံး စစ်အစိုးရနဲ့ ဆက်သွယ်တာတွေ ရပ်တန့်ဖို့ တောင်းဆို ~~~~~ ■ စင်္ကာပူ အခြေစိုက် United Overseas Bank (UOB) အပါအဝင် စင်္ကာပူနိုင်ငံမှာရှိတဲ့ အခြားဘဏ်တွေအားလုံး အာဏာသိမ်းစစ်အစိုးရကို ထောက်ပံ့မှုတွေဆက်မလုပ်ဘဲ ဘဏ်နဲ့ပတ်သက်တဲ့ ဆက်သွယ်လုပ်ဆောင်နေတာတွေကို ရပ်တန့်ပေးဖို့ ဘဏ်လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်တွေ ဖေဖော်ဝါရီလ ၁၃ ရက် ဒီနေ့မနက်ပိုင်း ဓမ္မစေတီလမ်းမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးရှေ့မှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေရှိနေတဲ့ကြားကပဲ လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေရှိခဲ့ပေမယ့် လက်ရှိ အာဏာသိမ်းစစ်အစိုးရနဲ့ ဆက်လက်မပူးပေါင်းဖို့ စင်္ကာပူအစိုးရနေတဆင့် လာရောက်တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြမှုမှာပါဝင်တဲ့ ဘဏ်ဝန်ထမ်းဟောင်း မစန္ဒာလင်းရှိန်က RFA ကို ပြောပါတယ်။ ဒါ့အပြင် စင်္ကာပူနိုင်ငံပိုင် Channel News Asia အနေနဲ့လည်း အာဏာသိမ်းစစ်အစိုးရလက်အောက် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ကမ္ဘာကသိအောင် သတင်းတွေထုတ်လွှင့်ပေးဖို့ တောင်းဆိုတယ်လို့လည်း မစန္ဒာလင်းရှိန် က ဆိုပါတယ်။ Credit: