No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"​နေပြည်​တော်မှ ငြိမ်းချမ်းစွာဆန္ဒပြ​နေသူများကို လူစုခွဲ၍ ဖမ်းဆီး" နေပြည်တော်နှင်းဆီပန်းအဝိုင်းအနီးတွင်စစ်အာဏာရှင်ကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သောပြည်သူ တစ်သိန်းကျော် ၁၁နာရီ​ကျော်မှ စ၍ရဲတပ်ဖွဲ့မှအင်အားသုံးလူစုခွဲပြီးလူစုကွဲချိန်တွင် စတင်ဖမ်းဆီးခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သောပြည်သူများကိုရဲတပ်ဖွဲ့ကအတားအဆီးပြုလုပ်ကာ လူစုခွဲရန် အသံချဲ့စက်ဖြင့်​ထပ်ခါထပ်ခါဖွင့်ပြီးသတိ့​ပေးသည်။ နံနက် ၁၁ နာရီဝန်းကျင်တွင်တွင် ရဲကား၊အချုပ်ကား၊စစ်ကားများ၊​ရေကားစုစု​ပေါင်း အစီး ၂၀ ခန့်ဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်တပ်မ​တော်သားများက ဆန္ဒပြ​နေသူများဆီ တစ်ဖြည်းဖြည်းတိုးလာရာ ပြည်သူများကလည်း​နောက်ကို ဖြည်းဖြည်းချင်းဆုတ်​ပေးလာရာ မှ လူစုကွဲချိန်တွင် ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်​ကြောင်း 7 Day News သတင်း​ထောက်က သတင်း​ပေးပို့သည်။ ​မျက်မြင်တွေ့ရှိသူများ ပြောပြချက်အရယ​နေ့​နေလယ် ၁၂ နာရီ ၁၅ မီနစ် ဝန်းကျင်အထိ့ ဖမ်းဆီးခံရ​သောပြည်သူ အနည်းဆုံး ၂၀ဦးရှိ​ကြောင်း ​ပြောသည်။ ဆန္ဒပြသူများလူစုကွဲ၍ လိုက်လမ်းဖမ်းဆီး​သောအခါ ဆန္ဒပြပြည်သူများအပါအဝင် လက်ဖက်ရည် သောက်နေသည့် လူငယ်အချို့ကိုပါ ဝင်ရောက်ဖမ်းဆီးမှုများ ရှိနေသည်ဟု မျက်မြင်တွေ့ရှိသူများကပြောသည်။ထို့အပြင် ဆန္ဒပြပြည်သူများ၏ကားအချို့ကိုလည်း ကရိန်းများဖြင့် သယ်ဆောင်သွားသည်ကိုလည်း တွေ့ရသည်။ "လမ်းကြိုလမ်းကြား အကုန်လိုက်ဖမ်းတာ လမ်းတွေလည်း ပိတ်ထားတယ် လူစုခွဲတာနဲ့ အဖမ်းခံရမှာပဲ"ဟု ဆန္ဒပြ အမျိုးသားတစ်ဦးကပြောသည်။ ထို့သို့လူစုခွဲချိန်တွင် ​ရေဖြင့်ပက်ခြင်း ၊မျက်ရည်ယိုဗုံးများဖြင့်ပစ်ခတ်ခြင်း၊ ရာဘာကျည်ဖြင့် ပစ်ခတ်ခြင်းမျိုး မပြုလုပ်ဘဲ ရဲတပ်ဖွဲ့ နှင့်ယာဥ်များက ​ရှေ့တိုးလာကာလမ်းများပိတ်၍ ဖိအား​ပေးခြင်းဖြစ်သည်ဟုမျက်မြင်​တွေ့ရှိသူအချို့က​ပြောသည်။သို့​သော် ​သေနတ်သံသုံးချက်ခန့်ကြားလိုက်ပြီးမိုးပို​ထောင်၍ခြောက်လှန့်ပစ်ခတ်သည်ဟုထင်​ကြောင်း အခင်းဖြစ်ရာ​နေရာ​ရှိပြည်သူတစ်ဦးက​ပြောသည်။ ၂ ငါးလုံးနေ့တွင် စျေးဆိုင်များ ရပ်ကွက်ထဲရှိဆိုင်များလည်း ပိတ်ထားပြီး စစ်အာဏာရှင်အလိုမရှိ ​ကြောင်းဆန္ဒပြပွဲတွင် ယခင်​နေ့များကထက် ပြည်သူများပိုမိုပါဝင်လာသည်။ -ရဲတပ်ဖွဲ့က လူစုမခွဲခင် ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ပြည်သူများ ဓါတ်ပုံ- 7 Day News Credit: