No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တပ်မတော်အား နိုင်ငံတကာမှအရေးယူပေးရန် စစ်ရှောင်များတောင်းဆို ---------------------------- ဇန်နဝါရီ ၂၀ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများလုပ်ဆောင်နေတဲ့ တပ်မတော်ကို နိုင်ငံတကာမှအရေးယူပေးဖို့အတွက်ရခိုင်စစ်ဘေးရှောင်တွေကဆန္ဒပြတောင်းဆိုလိုက်ကြပါတယ်။ အဆိုပါတောင်းဆိုဆန္ဒပြပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့လည် ၂နာရီကျော်အချိန်က ကျောက်တော်မြို့ပေါ်မှာပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲမှာ ''တပ်မတော်တို့ချဲ့စစ်အင်အားနှင့်စစ်စခန်းများအား ချက်ချင်း ရုပ်သိမ်းပေး။'' ''အကြမ်းဖက်ကျူးလွန်နေသောအစိုးရတပ်မတော်မှတာဝန်ရှိသူများအား ချက်ချင်း အရေးယူပေး။'' ''ရွာသားပိုင်ပစ္စည်းများကို ရွာသားများအား လွတ်လပ်စွာ သယ်ယူခွင့်ချက်ချင်းပေး။'' ''ရွာသားများအား ရွာသို့ လွတ်လပ်စွာ သွားလာခွင့် ချက်ချင်းပေး။'' ''တပ်မတော်သားများ ရွာမှမတရားယူဆောင်သွားသော စပါး၊ဆန်၊နွား၊ဝက်၊ဆိတ်၊သစ်၊ဆိုင်ကယ်၊ထွေလာဂျီ၊ထွန်စက်၊ရေစုပ်စက်၊စက်ဘီးနှင့်အခြားပစ္စည်းများအား ချက်ချက်းပြန်ပေး။' ''ရွာနှင့်အနီဝန်းကျင်၌မြုပ်ထားသောမြေမြုပ်မိုင်းများအား ချက်ချင်းဖယ်ရှာပေး။''စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။ Photo - Kaung Mrat Naing / MPA Credit