No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရန်ကုန် - ၂၀၂၁ ဖေဖေါ်ဝါရီ ၁ (မော်ကွန်း) ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းကြီးမာစွာကွာခြားသည်ဟုဆိုကာ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာအရပ်ရပ်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့အပ်နှင်းကြောင်း ယနေ့မနက် ၈း၄၅ က အမိန့်ထုတ်ပြန်ခဲ့သည်။ အမိန့်အပြည့်အစုံမှာ .. ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၂၁ ကို ၁၃၈၂ ခုနှစ် ပြာသိုလပြည့်ကျော် ၅ ရက်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ဒီကနေ့ ရက်စွဲဖြင့်ထုတ်ပြန်ရန် အပိုဒ် ၁ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများမှာ ကြီးမားစွာကွာခြားမှုများရှိနေသဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့ပါသည်။ အပိုဒ် ၂ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှဆင်းသက်ရမည်ဖြစ်သော်လည်း ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆိုးရွာစွာ လွဲမှားနေသည့် မဲစာရင်းများဖြစ်ခဲ့သည်။ ဒီမိုကရေစီစနစ်ခိုင်မာစေရန်နှင့် ပြည်သူ့ထံမှ ဆင်းသက်ရမည်ဆိုသည့်အချက်နှင့် ဆန့်ကျင်ခဲ့ပါသည်။ အပိုဒ် ၃ မဲစာရင်းပြသနာများကို ဖြေရှင်းရန်ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှုမပြုခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များကို ရွှေ့ဆိုင်းပေးရန်တောင်းဆိုမှုအပေါ် ရွှေ့ဆိုင်းပေးခြင်းမရှိသည့်အပြင် ပြည်သူ့လွှတ်တော်အစီအစဉ်များထုတ်ပြန်ကာ အစီအစဉ်အတိုင်းဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင်းရွက်ခြင်းဖြစ်သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပါသည်။ ၎င်းကဲ့သို့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်သဖြင့်ဆန္ဒပြမှုများ များစွာဖြစ်ပေါ်လျက်ရှိသည်။ အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်များကလည်း ထောက်ခံသည့်အလံများ လွှင့်ထူခြင်းအပါအဝင် လှုံ့ဆော်မှုမျိုးစုံ ပြုလုပ်နေကြောင်းတွေ့ရသည်။ နိုင်ငံတော်တည်ငြိမ်မှုကို များစွာထိခိုက်လျက်ရှိသည်။ အပိုဒ် ၄ အဆိုပါပြသနာကို မှန်ကန်စွာဖြေရှင်းခြင်းမပြုပါက နိုင်ငံတော်၏ ဒီမိုကရေစီလျှောက်လမ်းမှုတွင် အခက်အခဲများဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီဖြေရှင်းရန် လိုအပ်ပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြော်ငြာလိုက်သည်။ အပိုဒ် ၅ မဲစာရင်းများစစ်ဆေးအတည်ပြုခြင်းအပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၄၁၈ ခွဲ (က) အရ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးလိုက်သည်။ အပိုဒ် ၆ အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတစ်ဝှမ်းဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ဤအမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်သတ်မှတ်လိုက်သည်။ ပုံမြင့်ဆွေ ယာယီသမ္မတ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် Credit: