
Updated: 3:10 PM ( 2/27/2021) မုံရွာဆန္ဒပြပွဲအကြမ်းဖက်မှု သေနတ်ကျည်ထိမှန်လို့ ဒေါက်တာတစ်ဦး သေဆုံး ~~~~ ■ စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဆန္ဒပြသူတွေကို သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် အကြမ်းဖက် ဖြိုခွဲခဲ့ပြီး ဆန္ဒပြပွဲမှာပါဝင်တဲ့ ဒေါက်တာ မြတ်သူဇာခင်ဟာ ဆီးခုံကို ကျည်ဆံထိမှန်ခဲ့ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒါဏ်ရာရရှိသူတွေ အများအပြားရှိနေသလို ဖမ်းဆီးခံထားရသူတွေလည်း အများအပြား ရှိနေတယ်လို့ မုံရွာ ဆန္ဒပြပွဲမှာပါဝင်နေသူ တစ်ဦးက RFA ကိုပြောပါတယ်။ ကနဦး ရရှိထားတဲ့ သတင်းတွေအရ ဖမ်းဆီးခံထားရသူ ၃၀၀ ထက်မနည်းရှိနေပြီး တချို့ကို မုံရွာ ဆင်ဖြူရာ ကျောင်းဝင်းအတွင်းမှာ ထိန်းသိမ်းထားပါတယ်။ သေဆုံးသွားတဲ့ သူဟာ အဲ့ဒီကျောင်းဝန်းအတွင်းမှာပဲ ရှိနေတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။ ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေကို သေနတ်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ပစ်ခတ်ပြီး ဖမ်းဆီးရာမှာ အရပ်ဝတ် နဲ့အမျိုးသားတွေလည်းပါဝင်ပြီး ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် ပါးရိုက်တာ ကန်ကြောက်တာတွေအထိလုပ်ဆောင်ကာ အကြမ်းဖက် ဖမ်းဆီးခဲ့ကြပါတယ်။ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြသူတွေက ဝိုင်းဝန်းတောင်းဆိုနေကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ Credit: