No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ညောင်ပင်တိုရွာမှ ပေးစာ မင်္ဂလာပါ DVB ဆားလင်းကြီးမြို့နယ် ညောင်ပင်တိုရွာမှာ ရေအလွန်ရှားပီး အခက်အခဲဖြစ်နေပါတယ် ရေကားအလှူ ရှင် တခါတလေလာပါတယ် ကားနဲ့တစ်စီးပဲဆိုတော့ ရေက လုယက်ပီးယူနေရတာပါ အရင်နှစ်တွေကတော့ တမန်ရေနည်းနည်းရပေမယ့် ဒီနှစ်မှာ မိုးခေါင်သည့်အတွက် တမန်ထဲမှာလည်းရေကမရှိတော့ပါဘူး ရွာကလူတွေ ရေချိုးဖို့တောင်မလွယ်သည့်အတွက် ရေပုံမှန်မချိုးရပါဘူး ရွာက ရေတွင်းလည်းတူးလို့မရပါဘူး မြေက ကျောက်မြေတွေဆိုတော့ တူးဖော်ဖို့မလွယ်ပါဘူး ပိုက်ဆံရှိသည့်တစ်ချို့အိမ်တွေကတော့ ရေတွင်းတူးကြည့်ကြပါတယ် ရေတွင်းတူးခကလည်း သိန်း30-40အကုန်ခံပီးတူးကြပါတယ် တူးလို့ရပေမယ့်လည်း ထွက်လာတဲ့ရေက ရေခါးတွေ ရေငံတွေပဲရတာပါ ရေချို မရပါဘူး သောက်ရေ သုံးရေအတွက် အခက်အခဲဖြစ်နေပါတယ် ရေအခက်အခဲအတွက် ကူညီပေးပါအုံးလို့ ရွာကရေဒုက္ခရောက်နေရသူတွေကိုယ်စား အနူးအညွတ်တောင်းဆိုပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့် ရေအလှူ အကူအညီရရင် ဆက်သွယ်ပေးပါရှင့် ph-09262067773 Credit: