
"ဂျပန်အစိုးရထံပေးပို့သည့် အိတ်ဖွင့်ပေးစာကို ဂျပန်သံအမတ်ကြီးကိုယ်တိုင်လက်ခံခဲ့ပြီး ဆန္ဒပြပြည်သူများ လုံခြုံရေးဂရုစိုက်ရန်ပြောကြား" ရန်ကုန်- လူမျိုးပေါင်းစုံသပိတ်စစ်ကြောင်း၏အိတ်ဖွင့်ပေးစာကို ဂျပန်သံအမတ်ကြီးကိုယ်တိုင်လက်ခံခဲ့ပြီး ဆန္ဒပြနေသည့် မြန်မာပြည်သူများ လုံခြုံရေးဂရုစိုက်ကြရန်ပြောကြားသည်။ ဂျပန်အစိုးရထံပေးပို့သည့် အိတ်ဖွင့်ပေးစာကို ယနေ့တွင် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဂျပန်အစိုးရထံ ၎င်းကိုယ်တိုင်တင်ပြပေးသွားမည်ဟု သံအမတ်က ပြောသည်။ "ဂျပန်နိုင်ငံအတွက် မြန်မာနိုင်ငံက အင်မတန်မှ တန်ဖိုးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာပြည်သူနဲ့ ဂျပန်ပြည်သူက တူညီတဲ့ ဆက်ဆံရေးရှိပါတယ်။ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံမယ်ဆိုရင် ပြည်သူလူထု အသံကို လျစ်လျူမရှုပါဘူး"ဟု ဂျပန်သံအမတ်ကြီးကပြောသည်။ ဂျပန်နိုင်ငံအနေဖြင့် မြန်မာခေါင်းဆောင်များကို လွှတ်ပေးရန် တပ်မတော်ကို တောင်းဆိုထားကြောင်းလည်း ပြောသည်။ ဂျပန်သံရုံးသို့ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် တပ်မတော်ကိုအထောက်အပံ့ဖြစ်စေမည့် အကူအညီနှင့်ရင်းနှီးမြှုပ် နှံမှုများမလုပ်ရန်နှင့်မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ထွန်းကားရေးကို အကူအညီပေးရန်စသည့် အချက်များ ပါဝင်သည်။ Credit: