No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

နရာသီဝ နယ်ခြားစောင့်ပြည်သူ့စစ်တပ်စိတ်လက်နက်တိုက်အတွင်း အေကေ-၁၀၂ သေနတ် ၂၈ လက် ပျောက်ဆုံးမှုဖြစ်ပွား . ပြီးခဲ့သည့်မေလ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝခရိုင်ရှိ ပြည်သူ့စစ်တပ်စိတ်တခုအတွင်းရှိ လက်နက်တိုက်မှ AK 102 သေနတ် ၂၈ လက်ပျောက်ဆုံးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ . လက်နက်တိုက်မှ သေနတ်ပျောက်ဆုံးခဲ့ကြောင်းကို နရာသီဝမြို့မရဲစခန်းမှူး ရဲဗိုလ်ချုပ် ကြီး စူဖကော် ဖူ့ရွတ် မှ ထိုင်းရဲချုပ်၊ နရာသီဝခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမင်းကြီး၊ ခရိုင်ဒုရဲမင်းကြီး၊ ခရိုင်လက်ထောက်ရဲမင်းကြီး၊ ခရိုင်ရဲအရာရှိကြီး၊ မြို့နယ်အုပ်ချုပ်ရေး မှူး၊ ခရိုင်အထူးတပ်ဖွဲ့ရဲမင်းကြီး စသည့်အကြီးအကဲများထဲ စကားပြောစက်ဖြင့် အသိပေးတိုင်ကြားခဲ့သည်ဟု သိရသည်။ . အဆိုပါ လက်နက်ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး နရာသီဝမြို့မရဲစခန်းမှ အမှုအမှတ် 262/2564 ဖြင့် အမှုဖွင့်ထားပြီး အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်စုံစမ်းစစ်ဆေးသွား မည်ဟု သိရသည်။ . Ref: Sanook Photo : 77 ข่าวเด็ด . #Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Postbykyawkyawoo Credit: