
မကွေးမြို့မှာ ဆန္ဒပြသူတွေ ဖြိုခွင်းခံရ ~~~~ ■ မတ် ၉ ရက်နေ့က မကွေးမြို့ပေါ်မှာ အောင်စေတနာရပ်ကွက်နဲ့ သိင်္ဂါဂီရိရပ်ကွက် (၂) နေရာမှာ ချိတ်ဆက်ပီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။ လုံခြုံးရေးတပ်ဖွဲ့က သိင်္ဂါဂီရိရပ်ကွက်မှာ လမ်းကြားကလူနေအိမ်အထိ မီးခိုးဗုံးတွေပစ်ခဲ့လို့ ကလေးငယ်တွေပါ မီးခိုးမွှန် အသက်ရှူကျပ်ခဲ့တယ်လို့ ပြောပါတယ်။ လူနေအိမ်တွေဘက် မပစ်ဖို့ ထွက်တားသူတွေကိုလည်း ဖမ်းဆီးသွားခဲ့တာ လေးဦးခန့်ရှိတယ်လို့ ရပ်ကွက်နေပြည်သူက ပြောပါတယ်။ အောင်စေတနာဘက်မှာတော့ ပစ်ခတ်နှိမ်နင်းတာ မရှိခဲ့ပါဘူး။ ဆန္ဒထုတ်ဖော်သူတွေအတွက် လမ်းအတားအဆီးတွေရှိခဲ့လို့ လွတ်မြောက်ခဲ့ကြပါတယ်။ Credit: