စစ်အာဏာသိမ်း ဒုတိယမြောက်နေ့ RFA နောက်ဆုံးရသတင်းများ ~~~~~ ■ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဒီနေ့ မနက်ပိုင်းမှာ စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီး လက်ရှိအစိုးရနေအိမ်မှာ အကျယ်ချုပ် ချုပ်ခံထားရပါတယ်။ - နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထိန်းသိမ်း ခံရသူ တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို အသိအမှတ်ပြုဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီက ဒီကနေ့တိုက်တွန်းလိုက်ပါတယ်။ - ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ကရင်ပြည်နယ် ခြေမြန်တပ်ရင်း ခမရ-၂၀၂ က ပြန်လွှတ်ပေးလိုက်ပြီး နေအိမ်မှာ အကျယ်ချုပ် ထိန်းသိမ်းထားပါတယ်။ - တပ်မတော်စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ရှုံချကြောင်းနဲ့ ဖမ်းထားတဲ့သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ကတောင်းဆိုလိုက်ပါတယ်။ - ရန်ကုန်တိုင်းမှူး၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ဟာ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းပေါ်မှာရှိတဲ့ သျှရီသျှရီ စန္ဒီမယ်တော် ဟိန္ဒူဘုရားကျောင်းကို သွားရောက်ခဲ့ကြပါတယ်။ - မန္တလေး ဈေးချိုနား ကျောင်းသားတွေ ဆန္ဒပြမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် ရဲတပ်ဖွဲ့ အင်အား(၅၀) ကျော်နဲ့ လုံခြုံရေး တင်းကြပ်ထားပါတယ်။ - ဧရာဝတီတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးခန်းနဲ့ ပုသိမ်ခရိုင် NLD ရုံးကို စစ်တပ်က ပြန်ဖွင့်ခွင့်ပေးလိုက်ပါတယ်။ - စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွေကိုပိတ်ထားပြီး ခြံဝင်းထဲမှာ တပ်မတော်နဲ့ တပ်ဖွဲ့ဝင်တချို့ လုံခြုံရေးချထားပါတယ်။ - ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၊ မြို့တော်ခန်းမထဲမှာ စစ်သံချပ်ကာကားတွေနဲ့ စစ်သားတွေချထားပါတယ်။ - RFA က နောက်ဆုံးရ သတင်းတွေကို ဒီပို့စ်မှာ ထပ်မံဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Photo - AFP Credit:
