
ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့မှာ အာဏာသိမ်းမှုဆန့်ကျင်ရေး ပြည်သူလူထုနဲ့ ဌာနဆိုင်ရာအချို့က ပြုလုပ်နေရာမှာ ဒီကနေ့တော့ ထွေအုပ်ဌာနက ပထမဆုံးအကြိမ် ပူးပေါင်းပါဝင်လာတာကိုတွေ့ရပါတယ်။ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ရာမှာ ထွေအုပ်ဌာနဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာလို့ မြို့ခံတွေက့ လက်ခုပ်တီး ကြိုဆိုအားပေးခဲ့ကြပါတယ်။ ထွေအုပ်အပြင် လျှပ်စစ်ဌာနဝန်ထမ်းတွေ လည်း ပြည်သူလူထုနဲ့အတူ ပူးပေါင်းပါဝင်လာခဲ့ပါတယ်။ ထွေအုပ်ဝန်ထမ်းတစ်ဦးက ရုံးမတက်နဲ့လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့တာကိုတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရသူများ ပြန်လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ တပ်မတော်က အာဏာ ပြန်လွှဲပေးရေး၊ အာဏာသိမ်းတပ်မတော်ကို အရေးယူရေးတို့ကို လူထုက ကြွေးကြော်ခဲ့ကြတာပါ။ ဟသ်ာတခရိုင်အတွင်း ကျေးရွာေတွက ဒေသခံတွေ လည်း မြို့ပေါ်ကို လာပူးပေါင်းခဲ့ရာ အရင်ရက်တွေကထက် လူအင်အားပိုများခဲ့ပါတယ်။ Credit: