No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကွတ်ခိုင် ရှုခင်းသာမှာ တွဲကားသုံးစီး ပစ်ခတ်မီးရှို့ ခံရ ~~~~~~ ■ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်-မူဆယ်လမ်းပိုင်း ရှုခင်းသာအနီးမှာ ဇွန်လ ၁၈ ရက် ဒီနေ့ နေ့လယ် ၂ နာရီလောက်က မူဆယ်ကနေ ကွတ်ခိုင်ဘက်ကို ဆင်းလာတဲ့ တွဲကားသုံးစီး ပစ်ခတ်ခံရပြီး တစ်စီးမီးလောင်နေတာကို တွေ့ရတယ်လို့ အဲဒီနေရာမှာရောက်နေတဲ့ ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက RFAကို ပြောပါတယ်။ ဒီနေ့ နေ့လယ် ၂ နာရီ လောက် မှာ ရှုခင်းသာအနီး သေနတ်သံအချို့ ကြားရပြီးနောက် သူတို့တွေ အဲဒီနေရာကို ရောက်သွားချိန်မှာတော့ လမ်းပေါ်မှာ တွဲကားသုံးစီး လမ်းပိတ်ရပ်ထားတဲ့ အနေအထားဖြစ်နေပြီး တွဲကား အဖြူရောင်တစ်စီးက မီးလောင်နေတာကိုတွေ့ ရတယ်လို့ သူကပြောပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေမှာတော့ တွဲကားအဖြူရောင်တစ်စီး မီးလောင်နေပြီး အနီရောင် တစ်စီးနဲ့ နောက်ထပ် အဖြူရောင်တစ်စီး ဦးခေါင်းပိုင်းမှာ လက်နက်ကြီး ထိမှန်ထားတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့မှာလည်း ရှုခင်းသာအဆင်း နမ့်ကွတ်ရွာအနီးမှာ ဆယ့်နှစ်ဘီးကားတစ်စီးနဲ့ ခြောက်ဘီးကားနှစ်စီကို ရှေ့ဘီးတွေဖောက်ပြီး လမ်းမှာကန့်လန့် ရပ်ထားခဲ့ပါတယ်။ အဲဒီနေရာဟာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့် MNDAA၊ တအာင်းအဖွဲ့ TNLA နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့တွေကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ခဲ့တာရှိပါတယ်။ အခုဖြစ်စဉ်ကတော့ ဘယ်အဖွဲ့ လက်ချက်ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ ရှမ်းမြောက်ဒေသအတွင်း သွားလာနေတဲ့ ခရီသည်ကားတွေ ကုန်တင်ကားတွေအနေနဲ့ မိုးကာတွေမအုပ်ဖို့ မှန်ချမောင်းဖို့နဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကုန်တွေကို သယ်ဆောင်တာတွေ မလုပ်ဖို့ ကချင်လွတ်မြောက်ရေး အဖွဲ့က ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ချက် ထုတ်ထားတာရှိပါတယ်။ Credit: