
မြစ်ဆုံသာ သူတို့လက်ထဲ ပါသွားရင်တော့ ကျွန်မတို့ ဧရာဝတီမြစ်အောက်ပိုင်းမှာ နေတဲ့လူတွေအားလုံး ခွေးဖြစ်ရတာမှ ပိုပြီး လူစဉ်မှီအောင် နေရပါအုံးမယ်။ တယုတ်နိုင်ငံထဲမှာ (လူမျိုးကို မရည်ရွယ်ပါ အစိုးရကိုသာရည်ရွယ်ပါသည်) ရှိတဲ့မြစ်တွေ အကုန် Dam ဆောက်ပြီး ပျက်စီးကုန်လို့ တရုတ်ပြည်မှာ Dolphins ၂မျိုးလဲ မျိုးတုန်းသွားခဲ့ပါပြီ။ ဒါတောင်အားမရသေးတော့ အိမ်နီးချင်းနိုင်ငံတွေက မြစ်တွေကို နယ်ချဲ့ပြီး Dam တွေဆောက်လိုက်လို့ သူများနိုင်ငံက မြစ်ထဲငါးတွေတုန်းမျိုးတုံးပြီး ငါးဖမ်းတဲ့ တံငါသည်တွေလဲ အလုပ်မရှိ၊ မြစ်တွေရေမရတော့လို့ ခြောက်ကပ်ပြီး ပတ်ဝန်းကျင်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ စီးပွါးရေးတွေကျဆင်း၊ သန့်ရှင်းတဲ့ ရေမရတော့လို့ ရောဂါတွေထူထပ်လာ၊ လူနေမှူစနစ်တွေနိမ့်ကျပျက်စီးသွား ပြသနာတွေရင်ဆိုင်နေရတဲ့ အခြားနိုင်ငံက documentary တွေရှာပြီးတင်ပေးပါမယ်။ ဟိမဝန္တာတောင်ကြီးရဲ့ နှင်းတောင်ပေါ်ကပျော်ကျတဲ့ သန့်ရှင်းတေြ့ရေတွေနဲ့ စတင်ခဲ့တဲ့ ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ အသက်သွေးကြောပါ။ အအနီးနားပတ်ဝန်းကျင် ဘယ်နိုင်ငံမှ ဒီလောက်သန့်ရှင်းတဲ့ မြစ်ရေ ရမထားပါဘူး။ ဒီလိုရှားပါလှတဲ့ တစ်နိုင်ငံလုံး အားကိုးနေရတဲ့ အသက်သွေးကြောကို သူတို့လူတစ်စု မတရားချမ်းသာကြွားဝါးနိုင်ဖို့အတွက် နိုင်ငံကို အပိုင်းပိုင်းဖဲ့ပြီး ရောင်းစားတဲ့အပြင်၊ တစ်နိုင်ငံလုံးကို ဆင်းရဲတွင်းမှာ ပစ်စလက်ခတ် နှစ်ပေါင်းများစွာ ရုန်းကန်ပြီးကျန်ခဲ့ဖို့ ညှစ်သတ်နေတဲ့ သူတို့ရဲ့လုပ်ရပ်ကိုကြည့်ပြီး လူတွေကို အပြုံလိုက်တန်းစီရပ်ခိုင်းပြီး သူယုံကြည်ချက်နဲ့ လူမျိုးအတွက် သေနပ်နဲ့ ပစ်သတ်ခဲ့တဲ့ Hitler တောင် သူတို့လောက် စိတ်ဓါတ်အောက်တန်းမကျပါလားလို့ တွေးမိတယ်။ အခုဆို အာဏာတောင် တည်မြဲအောင်တောင် မသိမ်းနိုင်ခင်မှာ ပြည်သူတွေကို ကုန်ကောက်စားစရာမရှိအောင် ရှိသမျှ အကုန်ရောင်းစားတာက အမေစုဝယ်ထားတဲ့ Vaccine တောင် ယိုးဒယာကို ပါသွားပြီလို့ ကြားထားပါတယ်။ ရတဲ့ အချိန်လေးမှာ ရအောင်ရောင်းစားတဲ့ သစ္စာဖေါက် သူခိုးတွေ သူတို့အာဏာကို တည်မြဲအောင် ထောက်ထားတဲ့ ဒေါက်တိုင်တွေထဲကတစ်ခုဖြစ်တဲ့ ပြည်သူတွေလဲ သူတို့ဘက်မှာ မရှိတော့ပါဘူး။ civil servants တွေလဲ တော်တော်များများ CDM လုပ်ကုန်ကြပြီ။ နောက်ဆုံးဒေါက်တိုင်ဖြစ်တဲ့ တပ်မတော် ကလဲ တဖြည်းဖြည်းနဲ့ တစ်စစီပြိုလဲလာပါပြီ။ တပ်မတော်သားတွေက ဒီလူတစ်စုကောင်းစားဖို့အတွက် ဘဝတစ်ခုလုံး မိသားစုလိုက် ပေးဆပ်နေကြတဲ့ စစ်သည်တွေပါ သူတို့အမြင်မှန်ရမှပဲ ဒီဒေါက်တိုင် ပြုတ်မှာပါ အဲ့ဒါမှမြန်မာပြည်ကြီး ဒီလူတစ်စု လက်ကနေလွတ်မြောက်ပြီး ပြန်လည်ထူထောင်နိုင်မှာမို့ လက်နက်ကိုင် စစ်သည်နဲ့ ရဲ့တွေဟာ သူတို့သဘောနဲ့သူတို့ CDM လုပ်ဖို့ဆုံးဖြတ်လာမယ်ဆိုရင် ဝိုင်းဝန်းကာကွယ်ပေးကြပါ လို့ တောင်းဆိုချင်ပါတယ်။ ခုတစ်လော social punishment page တွေမှာ မြင်ရတဲ့ ပုံတွေကြည့်လိုက်တဲ့အခါ စစ်တပ်ထဲက လူကြီးသားသမီးချွေးမတွေ ဝတ်စားဆင်ယင်ထားတဲ့ သိန်းကို သောင်းကျော်တန်ကားကြီးတွေစီးလို့၊ သိန်းရာကျော်တန်အိပ်တွေနဲ့ သိန်းရာကျော်တန် ဖိနပ်တွေစီးပြီး သိန်းထောင်ကျော်တန် ကျောက်သံပတ္တမြားတွေနဲ့ ပုံတွေကိုမြင်ပြီး၊ တစ်ဘက်မှာ လမ်းမပေါ် ပြည်သူတွေပစ်ချခဲ့တဲ့ ထမင်းထုတ်လေးတွေကောက်စား၊ လမ်းဘေးစျေးသည်တွေဆီက လုစား၊ တောင်းစားနေရတဲ့ ရဲနဲ့ စစ်သည်တွေရဲ့ပုံတွေကို ယှပြီး မြင်ရတော့ အော်.... ဒီစစ်သားတွေဟာ အပစ်မဲ့ပြည်သူတွေကို သတ်နေရတာ ဘယ်သူတွေ ကောင်းစားဖို့လဲလို့ စဉ်းစားမိရဲ့လား မသိဘူးလို့ တွေးမိတယ်။ တစ်နေကုန်မှ ကြက်ဉပြုတ်တစ်လုံးနဲ့ ရေတဘူးပဲပေးပြီး အကြီးမားဆုံးသောပစ်မှူကို ကျုးလွန်ခိုင်းပြီး ပြည်သူတွေဆီကသာ လုယက်စားခိုင်းနေတဲ့ အထက်က အရာရှိတွေဟာ သူတို့ရဲ့ ရန်သူအစစ်ဆိုတာ တွေးမိရဲ့လားမသိဘူး။ အထက်ကလူကြီးတွေ လွတ်ရာကျွတ်ရာပြေးနေတဲ့ အချိန်မှာတောင် စစ်သားမိသားစုတွေကတော့ ထွက်ပြေးရင်လဲ ရေးယူခံရမှာကြောက်ရ၊ တမိသားစုလုံး င တ်မှာလဲကြောက်ရ၊ အခွင့်အရေးနဲနဲလေး ရဖို့ တဘဝလုံးရင်းရ အော်... ငါတို့အားလုံး ဘဝတွေ ရင်နာစရာ ကောင်းလိုက်တာ.... အောက်ပါပုံမှာပြည်လမ်းမှဖြတ်ထွက်သောလမ်းမှာနေပူထဲအစာအဟာရငတ်ပြတ်ပီးလဲနေသောစစ်သားဖြစ်ပါတယ်။ထိုစစ်သားလဲကျနေသော်လဲလမ်းပေါ်သွားလာနေတဲ့ပြည်သူတစ်ဦးတစ်ယောက်မှကူညီမှုမပေးခဲ့ကြပါဘူး။ပြည်သူခတ်တဲ့ဒဏ်ခံနေတာပါ။ လူအသက်တစ်ချောင်းကယ်ကောင်းပေမဲ့ ဝတ်စုံကိုကြည့်ပြီး ရွံကြလွန်းလို့ မည်သူမှ မကယ်တာ ဘာလို့လည်း ဆိုတာ အသိတရားလေးရပါစေ။ မင်းအောင်လှိုင်ရဲ့လုပ်ရပ်ကြောင့်စစ်နဲ့ရဲအပေါ်ပြည်သူတွေကရွံတာထက်ပိုနေပီဆိုတာလူတိုင်းလဲသိကြသလို၊ပတ်ဝန်းကျင်လဲသိတယ်။အချိန်မှီပြည်သူနဲ့ပူးပေါင်းပီးပြည်သူဖက်ကပါဝင်ရင်သမိုင်းလဲလှမယ်။အနာဂတ်လဲလှမယ်။ ကဲ ဒီတော့ တပ်မတော်သားတွေရေ.... ရဲတပ်ဖွဲဝင်တွေ..... ပြည်သူတွေရေ.... ကျွန်မတို့ အားလုံး လက်တွဲညီစွာနဲ့ ဘယ်လမ်းကို ရွေးချယ်ကြမလဲ တစ်ခုခုဆုံးဖြတ်ပြီး စလုပ်ဖို့ နောက်ဆုံးအချိန်ကို ရောက်လာပါပြီနော်.... ပန်းတိုင်ရောက်ဖို့အရွှေ့တစ်ခုကိုပြိုင်တူသွားကြမယ်။ပန်းတိုင်ရောက်မှငါတို့လုပ်ချင်တာတွေဆက်ပီးလုပ်လို့ရမယ်ဆိုတာသိထားကြပါ။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဧရိယာတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းသည် နှစ်လတစ်ကြိမ် ပုံမှန်ထုတ်ပြန်ခြင်းဖြစ်ကြောင်း မြစ်ကြီးနားခရိုင်အုပ်ချုပ်ရေးမှူး ပြောကြား