
ပြည်သူ့အရေးတော်ပုံတွင် ၈၈ ကာလနှင့် ၂၀၂၁ ကာလ ပြည်သူတို့၏ စိတ်ဓာတ်ဆိုင်ရာ ထပ်တူညီ ကြောင်း ဦးမင်းဇေယျဆို ================================================== ပြည်သူ့အရေးတော်ပုံတွင် ၈၈ ကာလနှင့် ၂၀၂၁ ကာလ ပြည်သူတို့၏ စိတ်ဓာတ်ဆိုင်ရာ ထပ်တူညီမျှ ကြောင်း ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သူ ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျက ပြည်မြန်မာ ကို ပြောသည်။ ယခု ပြည်သူ့အရေးတော်ပုံတွင် မျိုးဆက်လူငယ်များ ပါဝင်လာမှုအားကောင်းသည့်အပြင် နည်းပညာ ပိုင်းဆိုင်ရာ အားကောင်းမှုတို့သည် ၈၈ ပြည်သူ့အရေးတော်ပုံ ကာလထက်များစွာ အားရဖွယ်ရှိ ကြောင်း ၎င်းကဆိုသည်။ “ ကျွန်တော်တို့ ၈၈ ပြည်သူ့အရေးတော်ပုံကာလကို ပြေးမြင်အမှတ်ရမိတယ်။ အခုက မျိုးဆက်လူငယ် တွေပါဝင်လာမှု အားကောင်းလာတာတွေရတယ်။ ဒီမိုကရေစီအားကောင်းဖို့ဆိုရင် ပေါင်းစည်းအားတွေ များဖို့လိုတယ်။ တစ်ခု စိုးရိမ်တာက လူထုဆန္ဒထုတ်ဖော်မှု အရှိန်လျှော့သွားတဲ့အချိန်မှ ဆိုးကျိုးတွေ ဖြစ်လာမှာ စိုးရိမ်မိတယ်။ ကျွန်တော်တို့ တုန်းကလည်း ဒီလိုပါဘဲ” ဟု ဦးမင်းဇေယျက ၎င်း၏ ၈၈ ကာလ တွေ့ကြုံခဲ့မှုအပေါ် သုံးသပ်ပြောကြားသည်။ ပြည်သူ့ပါတီအနေဖြင့် ၈၈ ကာလကို အခြေခံထားသည့် ပါတီဖြစ်သည့်အတွက် ယခုအခါ ပြည်သူနှင့် တစ်သားတည်းအတူရှိနေကြောင်း ဦးမင်းဇေယျက ထပ်လောင်းဆိုသည်။ မင်းရန်နောင်(သတင်း/ဓာတ်ပုံ) Credit: