
အကောက်ခွန်နှုန်းအား လက်ရှိ ၁၅% မှ ၁.၅% သို့ ၁၀ ဆ လျှော့ချ သတ်မှတ်လိုက်ပါသည်။ . ကာလ -(၁-၈-၂၀၂၁) မှ (၃၁-၃-၂၀၂၂) ထိ ဖြစ်သည်။ . အကောက်ခွန်နှုန်းဥပဒေပုဒ်မ ၃ (ဃ) တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ကိုဗစ်ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေးအတွက် အထောက်အကူဖြစ်စေရန်နှင့် ပြည်သူတို့၏ ကျန်းမာရေးအတွက် အထောက်အကူပြု ဖြည့်စွက်ဆေးဝါးများအား ဈေးနှုန်း သင့်တင့်စွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း (၂၀၁၇) ၏ အခန်း (၂၁) ပါ ခေါင်းစဉ် (၂၁၀၆) အောက်ရှိ HS Code 2100,90,2.00 ၏ အကောက်ခွန်နှုန်းအား လက်ရှိ အကောက်ခွန်နှုန်း (၁၅%)မှ (၁.၅%) သို့ ပြင်ဆင်သတ်မှတ်လိုက်ပြီး ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ အကျိုးသက်ရောက်ပါသည်။ HS Code 2100,90,2.00 ပါ ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာနတွင် မေးမြန်းစုံစမ်းနိုင်ပါသည်။ Credit: