No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေ အစည်းအ၀ေးကနေ မြန်မာအရေး ဘုံကြေညာစာတမ်း မထုတ်ပြန်နိုင် မြန်မာအရေးအတွက် အထူးပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေ အစည်းအ၀ေးအပြီး သဘာပတိ ဘရူနိုင်းနိုင်ငံကနေ ကြေညာချက် တစ်စောင် ထုတ်ပြန် ပါတယ်။ အားလုံးသဘောတူ ကြေညာစာတမ်း အနေနဲ့ ထွက်မလာနိုင်တဲ့ အတွက် သဘာပတိနိုင်ငံက ထုတ်ပြန်တာလို့ နားလည် ရပါတယ်။ (ဘရူနိုင်းဟာ အာဆီယံအလှည့်ကျဥက္ကဌနိုင်ငံဖြစ်ပါတယ်။) နိုင်ငံရေး အကျဥ်းသားတွေ ချက်ခြင်းလွှတ်ဖို့၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို ကြား၀င် ဖြေရှင်းခွင့်ပေးဖို့ တောင်းဆိုမှုတွေ အစည်းအ၀ေးတွင်းမှာ ရှိခဲ့ပြီး၊ အဲဒီလို နိုင်ငံရေးတောင်းဆိုချက်တွေ အပေါ် ဘုံသဘောတူမှု မရနိုင်ခဲ့တာ ဖြစ်ပါတယ်။ သဘာပတိ ဘရူနိုင်းနိုင်ငံရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံထဲ အကြမ်းဖက် ဖြစ်ရပ်တွေ ထပ်ပေါ်ပေါက် မလာအောင် အားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါ ဆိုပြီး ရေးသားထားပါတယ်။ မြန်မာနိုင်ငံအပေါ် အာဆီယံအနေနဲ့ အပြုသဘောဆောင်တဲ့ သဘောထားနဲ့ အကူအညီပေးဖို့ အသင့်ပဲဆိုတာကို အစည်းအ၀ေးအတွင်း ပြောခဲ့ကြတယ်ဆိုပြီး ဘရူနိုင်းရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။ အာဆီယံ- အမေရိကန် နိုင်ငံခြားရေး၀န်ကြီးအဆင့် အထူး အစည်းအ၀ေးလည်း မကြာခင် ကျင်းပဖို့ ရှိတယ်ဆိုတဲ့ အချက်ကို အဲဒီ ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။ အဲဒီ အစည်းအ၀ေးမှာသာ ဦး၀ဏ္ဏမောင်လွင် ပါ၀င်လာမယ်ဆို၊ အမေရိကန် အနေနဲ့ မြန်မာ အာဏာသိမ်း စစ်ကောင်စီကို အစိုးရတစ်ရပ် အနေနဲ့ ဆက်ဆံရတဲ့ သဘောမျိုး ဖြစ်လာလိမ့်မလား ဆိုတဲ့ မေးခွန်းလည်း ထွက်လာစေပါတယ်။ #ဘီဘီစီမြန်မာပိုင်း ဒီသတင်းအပါအ၀င် စစ်အာဏာသိမ်း နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်း လိုက်ဖ် စာမျက်နှာမှာ တိုက်ရိုက်တင်ဆက် ပေးနေပါတယ်။ https://www.bbc.com/burmese/live/burma-56245583 Credit: