
မန်းလေးမီးရထားဝန်ထမ်းအိမ်ရာတွင် စစ်တပ်နှင့်ရဲများက ကျည်အစစ်ဖြင့်ပစ်ခတ် . ဖေဖော်ဝါရီလ ၁၇ တွင် မန္တလေးဘူတာကြီးအနီး မီးရထားစက်ခေါင်းဝင်းရှေ့တွင် ဆန္ဒပြနေသည့်ပြည်သူများကို ရဲတပ်ဖွဲ့မှ ဖြိုခွင်းပြီးနောက် ည ၉ နာရီ ၄၅ မိနစ်အချိန် တွင် ၇၉ လမ်းနှင့် ၃၄ လမ်းရှိမီးရထားဝန်ထမ်းအိမ်ရာများတွင် စစ်တပ်နှင့်ရဲများက လိုက်လံပစ်ခတ်မှု ပြုခဲ့သည်ဟု သိရသည်။ . အဆိုပါ ပစ်ခတ်မှုတွင် ကျည်အစစ်များ၊ မျက်ရည်ယိုဗုံးများကို အသုံးပြုခဲ့သည်ဟု မျက်မြင်ပြည်သူတဦးကဆိုသည်။ . "ပုဒ်မ ၁၄၄ရှိလို့ ကျွန်တော်တို့ကပြန်တာ၊ ဒါကို အခု သက်သက်လိုက်ပစ်တာ၊ ကျွန်တော်တို့နားတင်ကို သေနတ်သံ ၁၅ချက် ပစ်သွားတယ်" ဟု ၄င်းက ဆက်ပြောသည်။ . ယင်းပစ်ခတ်မှုတွင် လာရောက်ကယ်ဆယ်သည့် လူမှုရေးအသင်းကားတစီးပတ်ခတ်ခံရ သည်ဟု သိရှိရသည်။ . မူရင်းနှင့်ဓာတ်ပုံ : Myanmar Now . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: