
စစ်တပ်ရဲ့ စက်ဆုပ်ဖွယ်လုပ်ရပ်တွေကို ဖုံးကွယ်ထားလို့ မရကြောင်း နိုင်ငံတကာ သံအမတ်တွေပြော ~~~~~~ ■ အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး ဖြတ်တောက်ပြီး မီဒီယာကို နှိပ်ကွပ်ထားရုံနဲ့ မြန်မာစစ်တပ်ရဲ့ စက်ဆုပ်ဖွယ်လုပ်ရပ်တွေကို ဖုံးကွယ်ထားလို့ မရဘူးလို့ ရောပသမဂ္ဂနဲ့ အမေရိကန်အပါအဝင် သံရုံး ၁၁ ရုံးက သံအမတ်ကြီးတွေပူးတွဲပြီး ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံရုံးနဲ့ ဒိန်းမတ်၊ ချက် သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နဲ့ ဆွီဒင်… စတဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက သံရုံးတွေ၊ ယူနိုက်တက် ကင်းဒမ်းနဲ့ အမေရိကန် သံအမတ်ကြီးတွေ ပူးပေါင်းလက်မှတ် ရေးထိုး ထုတ်ပြန်လိုက်တာပါ။ နိုင်ငံတဝန်းမှာ လက်နက်မဲ့အရပ်သားတွေအပေါ် ညပိုင်းအချိန်တွေမှာ အမှောင်ထုကို အခွင့်ကောင်းယူပြီး ရက်ရက်စက်စက် အကြမ်းဖက် နေတာဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ပြီး လူကျင့်ဝတ်နဲ့ မလျော်ညီဘူးလို့ ပြောပါတယ်။ မြန်မာစစ်တပ် အနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်အားလုံးကို ရပ်တန့်ပြီး ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ စစ်အုပ်ချုပ်ရေး အမိန့်နဲ့ အရေးပေါ် ခြေအနေ ကြေညာထားတာတွေကို ရုတ်သိမ်းပေးဖို့၊ ဆက်သွယ်ရေး ကန့်သတ်ထားတာတွေ ပယ်ဖျက်ပေးဖို့နဲ့ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်လွှဲ ပေးဖို့လည်း ကြေညာချက်မှာ တောင်းဆိုထားပါတယ်။ Credit: