
တောင်သူလယ်သမားနေ့ပဲခူးဆန္ဒပြပွဲ အပစ်အခတ်မရှိဘဲ ငြိမ်းချမ်းစွာပြီးဆုံး -------------------- မတ်လ(၂)ရက်၊ တောင်သူလယ်သမားနေ့မနက်ပိုင်းက ပဲခူးမြို့မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း လူဦးရေသောင်းနဲ့ချီဆန္ဒပြခဲ့ပြီး ပစ်ခတ်ဖြိုခွင်းခံရခြင်းမရှိဘဲ ငြိမ်းချမ်းစွာပြီးဆုံးခဲ့တယ်လို့သိရပါတယ်။ ပဲခူးမြို့၊ရွှေမောဓောဘုရားဝင်းအတွင်းမှာစုရပ်လုပ်ပြီး ပဲခူးမြို့အနှံ့ကို စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကြွေးကြော်သံတွေလှည့်လည်ဆန္ဒပြခဲ့ပြီး လမ်းတွေပိတ်ဆို့တားဆီးထားတာမျိုးလည်းမရှိဘူးလို့ မြို့ခံတစ်ဦးကဆိုပါတယ်။ Credit: