
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို မတရားသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း CRPH ကြေညာ ~~~~~ ■ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးကို မတရားသင်းအဖြစ်ကရော၊ အကြမ်းဖက်အဖွဲ့အဖြစ်ကပါ ပယ်ဖျက်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ ကြေညာလိုက်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆက်သွယ်တာကြောင့် ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးတာတွေကိုလည်း ရှုတ်ချကြောင်း၊ ဒီလိုစစ်ကောင်စီက ဖမ်းဆီးတာဟာ တရားမဝင်ကြောင်းလည်း CRPH ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်တာကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးမှုကနေ လွတ်အောင် ထွက်ပြေးနေရတဲ့ ပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက သူတို့တပ်စခန်းတွေမှာ ခိုလှုံခွင့်ပေးပြီး စောင့်ရှောက်ထားတဲ့အပေါ် ကျေးဇူးတင်ကြောင်းလည်း CRPH က ပြောပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုကြောင်း၊ စစ်ကောင်စီရဲ့ အမိန့်တွေကို လိုက်နာဖို့မလိုကြောင်း ကြေညာထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် CRPH က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ရှိနေပါတယ်။ -------------- Credit: