
ဦးဝီရသူကိုထောက်ခံသူအချို့ အင်းစိန်ထောင်ရှေ့တွင်ဆန္ဒပြ၊ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူတစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့်ဦးဝီရသူအား ရုံးထုတ်စစ်ဆေးပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားများအခွင့်အရေးရရှိရန်ဆိုကာ အမျိုးရေးလှုပ်ရှားသည်ဆိုသည့် သံဃာအချို့နှင့် လူပုဂ္ဂိုလ်တို့က ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့တွင် ယနေ့နံနက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အမျိုးသားရေးလှုပ်ရှားသည်ဟုဆိုသူ သံဃာတော်အချို့နှင့် လူပုဂ္ဂိုလ် ၅၀ခန့်က အင်းစိန်အကျဉ်းထောင်ရှေ့တွင် ဆန္ဒပြမှုကို ရဲတပ်ဖွဲ့ကတားဆီးရာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဓာတ်ပုံ - Ye Myo Khant / MPA Credit: