No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စစ်ကောင်စီကို ကန့်ကွက်ကြောင်း အဖွဲ့အစည်းအသီးသီးက အိတ်ဖွင့်ပေးစာတွေ ကုလသမဂ္ဂထံ ပေးပို့ ~~~~~~ ■ ရန်ကုန်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ အဖွဲ့အစည်းအသီးသီးက စစ်ကောင်စီကို ကန့်ကွက်ကြောင်း ကုလသမဂ္ဂထံ အိတ်ဖွင့်ပေးစာတွေ ဆက်တိုက်ဆိုသလို ပေးပို့နေပါတယ်။ ကုလသမဂ္ဂအနေနဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့လည်း အိတ်ဖွင့်ပေးစာတွေမှာ ထည့်သွင်း တောင်းဆိုထားပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ လာရောက်ပို့တဲ့ အိတ်ဖွင့်ပေးစာ ငါးစောင်လောက် ရှိသွားပြီလို့ UN သံရုံးက လုံခြုံရေးဝန်ထမ်းက ပြောပါတယ်။ ဒီနေ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တဲ့အထဲမှာ ပုဂ္ဂလိက မူကြို ဆရာ၊ဆရာမ အဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။ အနာဂတ်ကလေးတွေ လွတ်လွတ်လပ်လပ် ရှင်သန်ဖို့ ဒီမိုကရေစီရဖို့လိုပြီး စစ်အစိုးရကို အလိုမရှိကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့ မူကြိုဆရာမ တစ်ဦးက ပြောပါတယ်။ Credit: