No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ယနေ့(မေလ ၆ ရက်)ညနေ ရန်ကုန်မြို့Thuwanna Bumi Event Park တွင် ကျင်းပပြုလုပ်မည့် KPOP Festival in Myanmar 2017 အတွက် လာရောက်ဖျော်ဖြေရန်ရောက်ရှိလာသည့် တောင်ကိုရီးယားနိုင်ငံမှ EXO အဖွဲ့ကို အားပေးသည့် မြန်မာပရိတ်သတ်အမျိုးသမီးငယ်များမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မေလ ၅ ရက်ညက စောင့်ဆိုင်းနေခဲ့ကြသည်။ ထိုသို့စောင့်ဆိုင်းသူများထဲတွင် နံနက်ပိုင်းမှ စတင်ပြီး တနေကုန်နီးပါးလာရောက်စောင့်ဆိုင်းသူများလည်းရှိကြောင်းသိရသည်။ EXO အဖွဲ့စီးနင်းလာသည့် လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ည ၁၁ နာရီ၀န်းကျင်တွင်ရောက်ရှိခဲ့သော်လည်း EXO အဖွဲ့၀င်များသည် ပရိတ်သတ်များစောင့်ဆိုင်းနေသည့် လေဆိပ်ထွက်ပေါက်မှ ထွက်ရှိခြင်းမရှိပဲ အခြားလမ်းကြောင်းမှတဆင့်ထွက်ခွာသွားခဲ့သည်။ ထို့ကြောင့် လာရောက်ကြိုဆိုသည့် EXO Myanmar Fans များမှာ ၀မျးနညျးစှာငိုကွှေးခဲ့ကွသညျ။ KPOP Festival in Myanmar 2017 ပွဲတွင် တောင်ကိုရီးယားနိုင်ငံမှ ထင်ရှားသည့် KPOP အဖွဲ့များဖြစ်သည့် EXO ၊ NCT127 ၊ TRAX နှင့် MATILDA တို့ပါ၀င်ဖျော်ဖြေကြမည်ဖြစ်သည်။ ဓာတ်ပုံ-စိုင်းဇော် Credit